ရန်ကုန် နှင့် မန္တလေးမြို့ များတွင် ချထား ပေးလျက် ရှိသော ကျပ် ငါးသိန်းတန် CDMA 800 MHz ဖုန်း များကို ယခု လမှ စတင်ခါ တိုးချဲ့ ချထား ပေးလျှက် ရှိရာ မြို့နယ် သုံးမြို့နယ် တိုးချဲ့ ချထား ပေးပြီး ဖြစ်ကြောင်း သတင်း ရရှိပါသည် ။ တိုးချဲ့ ချထား ပေးခဲ့သော မြို့နယ် များမှာ ရန်ကုန် တိုင်းတွင် မှော်ဘီမြို့နယ်၊ မန္တလေး တိုင်းတွင် ကျောက်ဆည် မြို့နယ် နဲ့ စစ်ကိုင်း မြို့နယ် တွေ ဖြစ်ပြီး ဆက်လက်၍ နေပြည်တော် ၊ ပုဂံ ၊ ပြင်ဦးလွင် ၊ လားရှိုး ၊ မူဆယ် ၊ တောင်ကြီး ၊ ကျိုင်းတုံ ၊ ၊ ထားဝယ် ၊ မြစ်ကြီးနား ၊ မိုးကုတ် ၊ မိုးမိတ် နှင့် ပုသိမ် စသော နယ်မြို့များ ဖြစ်ကြောင်း ဟံသာဝတီ မှ သတင်း ရရှိပါသည်။တိုးချဲ့ ချထား ပေးလျှက် ရှိသော မြို့နယ် များတွင် လျှောက်ထားမှု များကို သက်ဆိုင်ရာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း များတွင် ဆောင်ရွက်ရမည် ဖြစ်ပြီး ငှားရမ်း သုံးစွဲ ခနှင့် ခေါ်ဆိုခ နှုန်းထား များမှာမူ ယခင် ချထား ပေးခဲ့သည့် အခြားသော မြို့နယ် များနှင့် တူညီမည် ဖြစ်သည်။
ထို့ အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ ယခင် ချထား ပေးခဲ့သည့် ၀၉-၉၉ နံပတ်ဖြင့် စတင်သည့် ဆယ်လူလာ ဖုန်း များကို ကမ်းရိုးတန်း ဖုန်းဟု လူသိ များသည့် CDMA 450MHz ဖုန်းများ နှင့် အလိုက် ရှစ်သိန်းပေးရပြီး လဲလှယ် ပေးလျက် ရှိသည်။
လဲလှယ်လိုသူများ အနေဖြင့် ရွှေဂုံတိုင် ဆက်သွယ်ရေး ရုံးကို လဲလှယ် လိုကြောင်း စာတင်ရပြီး လဲလှယ်ကိုင် ဆောင်ခွင့် တစ်ပတ် စောင့်ရသည်။ လဲလှယ် ကိုင်ဆောင်ခွင့် ပေးသော ဖုန်းများမှာ ၀၉-၈၅ ၊ ၈၆ စသည့် နံပါတ် များနှင့် စတင်သည့် CDMA 450 MHz ဖုန်းများ ဖြစ်ပြီး တရားဝင် ငှားရမ်း သုံးစွဲ ခမှာ ကျပ် ၁၅ သိန်း ဖြစ်ကာ ဖုန်းခေါ်ဆိုခ ကြိုတင် ပေးသွင်းငွေ ကျပ် ၅၀,၀၀၀ ကိုလည်း ပေးဆောင်ရသည်။
၁၉ . ၈ . ၂၀၁၀
|

0 comments:
Post a Comment