နှစ်နိုင်ငံ ချစ်ကြည်ရေး စာချွန်လွှာ ထိုးထားပြီး ရွှေတိဂုံ စေတီတော်ကြီး ၏ ၀တ္တက မြေတွင် စွယ်တော် တိုက် အတွက် နေရာ ထားရှိ ပေးသလို သီရိ လင်္ကာစွယ် တော်တိုက် တွင်လည်း ရွှေတိဂုံ စေတီတော်ကြီး အတွက် နေရာ တစ်နေရာ ထားရှိ ပေးထားမည်ဖြစ် ကြောင်း၊ အဆိုပါ ပိဋကတ် တိုက်တွင် နေရာ ပေးရခြင်း မှာလည်း သီရိ လင်္ကာ စွယ်တော် တိုက်နှင့် ပတ်သက် သော အချက် အလက် များ၊ ယဉ်ကျေးမှု နှင့် ရွှေတိဂုံ စေတီတော်ကြီး ၏ ဗုဒ္ဓ ပူဇနိယ ပွဲတော် အား လာရောက်သော ဧည့်သည်များ အတွက် တည်းခို နေထိုင်ခွင့် ပေးခြင်းသာ ဖြစ်ကြောင်း ၊ ထို ပိဋကတ်တိုက် အား “ရောင်း တာလည်း မဟုတ်ပါ ဘူး။ ငှား တာလည်း မဟုတ်ပါဘူး။ နှစ်နိုင်ငံ အပြန် အလှန် ထေရ၀ါဒ ဗုဒ္ဓ ဘာသာ ပြန့်ပွား စေဖို့ အတွက် နေရာ ပေးခြင်း သာဖြစ်တယ်” ဟု ရွှေတိဂုံ ဂေါပက အဖွဲ့မှ ဂေါပက အဖွဲ့ဝင် တစ်ဦးဖြစ် သူ ဦးဘရွှေက ပြည်တွင်း မီဒီယာ များကို ပြောကြားသည်။
ရန်ကုန်တိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ (တယက) မှ ဇူလိုင် (၂၉) ရက်နေ့ ထုတ်ပြန်သော အကြောင်းကြား စာတွင် “ အရှေ့ဘက် အာဇာနည်လမ်း အောက်ပိုင်း ၀တ္တကမြေ နယ်နိမိတ် တလျှောက်ရှိ စေတိယ သန္တက အဆောက် အအုံ များသည် နှစ်ကာလ ကြာမြင့် လာသည် နှင့် အမျှ ဟောင်းနွမ်း ချို့ယွင်း ပျက်စီး၍ အမြင် တင့်တယ်မှု မရှိသဖြင့် မွမ်းမံခြင်းများ ဆောင်ရွက်ရန် နှင့် ထို ပိဋကတ်တိုက် များတွင် သီတင်းသုံး နေထိုင်ကြသော ရဟန်းရှင်လူများ အနေဖြင့် ဇူလိုင်လ (၂၅) ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် ” တို့ ပါရှိသည်။
ထို အကြောင်းကြားစာတွင် ပါဝင်သော ပိဋကတ်တိုက် (၈) ခု ရှိသည့် အနက် ကရင်ပိဋကတ်တိုက်၊ ဒေါ်ငွေညွန့်၊ ဒေါ်လှဆင်၊ ဦးအုန်းခင်၊ ဦးစံချိန် စသော ပိဋကတ်တိုက် (၅) ခု မှ သံဃာတော် များအား အတင်း အဓမ္မ ဖယ်ရှားပြီး ရဲ ပိဋကတ်တိုက်၊ မြေစာရင်း ဓမ္မာရုံတို့ကိုတော့ ဖယ်ရှားခဲ့ခြင်း မရှိပေ။
ဝတ္တကမြေ ၁၁၄ ဧကရှိသော နေရာတွင် အဆောက် အအုံ ဆောက်လုပ်လျှင် အဆိုပါ အဆောက် အအုံ သည် ဂေါပကအဖွဲ့ ၏ စီမံကြီးကြပ် မှုအောက်တွင် ရှိကြောင်း၊ အလှူရှင် က ရေစက်ချ လှူဒါန်းသည် ဖြစ်စေ၊ မလှူဒါန်း သည်ဖြစ်စေ ရွှေတိဂုံ စေတီတော်ကြီး နှင့် သာသက်ဆိုင် ကြောင်း ရွှေတိဂုံ ဂေါပက အဖွဲ့၏ ထုတ်ပြန်ချက် တွင်ပါရှိသည်။

၁၉ . ၈ . ၂၀၁၀
|

0 comments:
Post a Comment