Navigation - link to other main sections from here


CDMA 800 MHz ကျပ် ငါးသိန်းတန် ဖုန်းများကို နယ်ဒေသ အချို့တွင် ချပေးမည်


CDMA 800 MHz ကျပ် ငါးသိန်းတန် ဖုန်းများကို ရန်ကုန် ၊ မန္တလေး တွင်သာ မကဘဲ နယ်ဒေသများ ဖြစ်သော နေပြည်တော် ၊ ပုဂံ ၊ ပြင်ဦးလွင် ၊ လားရှိုး ၊ မူဆယ် ၊ တောင်ကြီး ၊ ကျိုင်းတုံ ၊ မြစ်ကြီးနား ၊ မိုးကုတ် ၊ မိုးမိတ် နှင့် ပုသိမ် စသော နယ်မြို့များတွင် ဆက်လက် ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး နှင့် ကြေးနန်း ဝန်ကြီး ဌာနမှ စုံစမ်း သိရှိရ ပါသည်။ အခု လကုန်ပိုင်းမှာ စတင်ပြီး နယ်မြို့တွေ မှာပါ CDMA 800 MHz ဖုန်း တွေ ချထားပေးဖို့ ဆိုတာ ကတော့ ၈၅ ရာခိုင် နှုန်းလောက် သေချာပါတယ်။ ၀န်ကြီး ဦးသိန်းဇော် ဆီကနေလဲ ခွင့်ပြုမိန့် ရပြီးလို့ တိုင်းစခန်း တာဝန်ခံ တွေက နယ်မြို့တွေမှာ လုပ်ငန်း စတင် နေပါပြီဟု ၄င်းက ပြောသည်။ အဆိုပါ ငါးသိန်းတန် ဖုန်းကို ယခုအခါ လျှောက်ထားပါက ၂၄ နာရီ အတွင်း ရရှိနိုင်ရန် စီစဉ် နေပြီး CDMA 800 MHz ဖုန်း အသုံးပြု နိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး တာဝါတိုင်များ ထပ်မံ တိုးချဲ့ထားကြောင်း အဆိုပါ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ CDMA 800 MHz ငါးသိန်းတန် တယ်လီဖုန်း များအား နယ်ဒေသ များတွင်ပါ ချပေးနိုင်ခဲ့ CDMA 800 MHz ဖုန်းမှာ ဖုန်း ဈေးကွက်ကို ဦးဆောင်မည့် အနေ အထားမျိုး ဖြစ်လာလိမ့် မည်ဟု ပြည်တွင်းထုတ် ဂျာနယ်များ တွင်လည်း ဖော်ပြ ထားသည်။ ယနေ့ အထိ မြန်မာ့ ဆက်သွယ်ရေး နှင့် ကြေးနန်း ဝန်ကြီး ဌာနမှ ရန်ကုန် နှင့် မန္တလေးမြို့များတွင် ချထားပေးသော CDMA 800 MHz ငါးသိန်းတန် တယ်လီဖုန်း အရေ အတွက်မှာ လိုင်းပေါင်း ၁၅၀၀၀၀ ဖြစ်ပြီး CDMA 800 MHz မိုဘိုင်းလ် တယ်လီဖုန်းစခန်း (၄၂) ခု ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး မှတ်တမ်း စားရင်းများ အရ သိရှိရ ပါသည်။

၉ . ၈ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats