Navigation - link to other main sections from here


ကမ္ဘောဇ လေကြောင်းလိုင်း ရုံးခန်း ဖွင့်လှစ်


လာမည့် အောက်တိုဘာလ တွင် စတင် ပျံသန်းရန် စီစဉ် နေသော မြန်မာ နိုင်ငံ၏ တိုင်းရင်းသားပိုင် ကမ္ဘောဇ လေကြောင်း လိုင်းသစ် သည် ရန်ကုန်မြို့ ကမ်းနားလမ်း အမှတ် ၁၀၄ ရှိ မြန်မာ့ လေကြောင်းရုံး နှင့် ကပ်လျက် နေရာတွင် ရုံးခန်းသစ် မကြာသေးခင် ရက်ပိုင်းက ဖွင့်လှစ် လိုက်ကြောင်း ရန်ကုန်မြို့ လေကြောင်းလိုင်း လက်မှတ် အရောင်း ကိုယ်စားလှယ်များ ထံမှ စုံစမ်း သိရှိ ရသည်။ အဆိုပါ ရုံးခန်းသစ် နေရာသည် ယခင်က Irrawaddy Legend ခရီးသွား လုပ်ငန်း ဖွင့်လှစ် ခဲ့သည့် ရုံးခန်း နေရာ ဖြစ်ပြီး ကမ္ဘောဇ လေကြောင်းလိုင်းကို ကမ္ဘောဇဘဏ် စီးပွားရေး အုပ်စုမှ မြန်မာနိုင်ငံ ပြည်တွင်း ခရီးစဉ်များ ပြေးဆွဲရန် ရည်ရွယ်သည်ဟု ယူဆ ရကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ထပ်မံ စုံစမ်း ရသော သတင်းများ အရ ယခင် Inlay Airway ဟု အမည် ပေးခဲ့ သော်လည်း ကမ္ဘောဇ လေကြောင်းလိုင်း (Air Kanbawza) အမည် ဖြင့်သာ ပျံသန်းရန် စီစဉ် နေပြီး ခရီးသည် ၁၀ဝ ကျော် ဆံ့သည့် ကနေဒီယံဂျက် (MA 60) နှင့် ATR 72 လေယာဉ် စုစုပေါင်း ငါးစီးဖြင့် ပြေးဆွဲရန် စီစဉ် နေသည်ဟု သိရှိရသည်။ ကမ္ဘောဇဘဏ် အုပ်စုသည် ပြီးခဲ့သည့်နှစ် အတွင်း ကလည်း မြန်မာ အပြည် ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ထံမှ အစု ရှယ်ယာများ လွှဲပြောင်း ရယူ ခဲ့ကြောင်း သတင်း ရရှိသည်။


၉ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats