ရက်လွန် နေတဲ့ ချက်နို့ဆီတွေကို သုံးစွဲနေ တာလည်း ရှိတယ်။ ရေခဲမုန့်သည် တိုင်းတော့ မဟုတ် ပါဘူး။ ကိုယ့် ရေခဲမုန့် ချဉ်၊ မချဉ် ဘယ်လို အခြေအနေ ရှိတယ် ဆိုတာကို ကိုယ်တိုင် ပြန်စားကြည့် ပြီးမှ ရောင်း သင့်ပါတယ် ဟု ၄င်း က ထပ်မံ ပြောပြသည်။
ရပ်ကွက် အတွင်း လှည့်လည် ရောင်းချသော ရေခဲမုန့်သည် အများ စုသည် အစားအသောက် နှင့် ပတ်သက် သော ကျန်းမာရေး အသိများ ရှိရန် လိုအပ်ကြောင်း သိရသည်။ အစား အသောက် ရောင်းတဲ့သူ တစ်ယောက် အနေနဲ့ ကျန်းမာရေး အသိ ပညာရှိ ဖို့လိုပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိဖို့ လိုပါတယ်။ အစား အသောက်လည်း သန့်ရှင်း၊ လူလည်း သန့်သန့် ရှင်းရှင်းနဲ့ ရောင်းရင် စားသုံးသူတွေ အတွက် အကျိုးရှိပါတယ်ဟု ဒဂုံမြို့သစ် တောင်ပိုင်းမှ ရေခဲမုန့် သည် တစ်ဦးက ပြောသည်။
ရေခဲမုန့် ပင်ရင်း ရောင်းဝယ် သူများ အနေဖြင့်လည်း ထုတ်လုပ် ဖြန့်ဖြူး ရောင်းရာတွင် သန့်ရှင်း မှုနှင့် ပတ်သက်ပြီး ကျန်းမာရေး စံချိန် စံနှုန်းနှင့် အညီ ရောင်းချသင့် ကြောင်း သိရသည်။ တချို့ ရေခဲ မုန့်တွေ က စားရင် ချဉ်တဲ့ အရသာ ရှိတယ် ဆိုတာ ရေခဲမုန့် ရောင်းတဲ့ သူတွေက တစ်ရက်တည်း မကုန်တာတွေ ရှိတော့ နောက်နေ့ ကျရင် အသစ ပြန်မသုံးဘဲ လက်ကျန် ပစ္စည်း တွေကိုပဲ ရောင်းကြတယ်။ နောက်နေ့ ကူးသွားရင် ရေခဲမုန့်က ကြမ်းပြီး ချဉ်သွား တာပေါ့။ တစ်ခါ တလေ တော့လည်း ရေခဲမုန့် လုပ်တဲ့ အချိန် အတွင်းမှာ မီးပျက် သွားရင် မီးစက် မရှိတဲ့ သူတွေက မီးလာတာ ကို ပြန်စောင့်ရတဲ့ အတွက် အဲဒီ အချိန် အတွင်းမှာ ရေခဲမုန့်က နို့ကို အခြေခံပြီး ပြုလုပ် ရတော့ ချဉ်သွား တာပေါ့။
ရောင်းချတဲ့ သူတွေ အနေနဲ့ အမြတ် များများ ကျန်အောင် ဆိုပြီး၊ လက်ကျန် ပစ္စည်း တွေကို မရောင်း သင့်ဘူး။ ကျွန်တော်တို့ စက်ရုံက အပြင်က လူတွေ ပြန်ရောင်း ချင်လို့ လာဝယ်ရင် မရောင်းဘူး။ ကိုယ့်လူ တွေနဲ့ပဲ သန့်သန့် ရှင်းရှင်း ရောင်းခိုင်း တယ်။ စားသုံးသူ တွေ အတွက် အဆင် ပြေအောင် လို့ပါဟု ဗိုလ်ကျော် ရေခဲမုန့် ပင်ရင်း လုပ်ငန်းမှ ဦး မြတ်ကျော်က ပြောပြသည်။ ရပ်ကွက် အတွင်း လှည့်လည် ရောင်းချသော ရေခဲမုန့်များ ပြုလုပ် ရာတွင် ပီလော ပီနံမှုန့်၊ အုန်းသီး အဆီ၊ နို့ဆီ၊ နို့စိမ်း၊ နွားနို့ နှင့် သကြား တို့ ပါဝင်ကြောင်း သိရသည်။ ထို့အပြင် အရောင် ဆိုးဆေး တို့လည်း ပါဝင် သည်ဟု ဆိုသည်။ ရေခဲမုန့် စက်ရုံများ အနေဖြင့် အရေးကြီးဆုံးမှာ ရက်လွန် ချက်နို့ဆီများ မသုံးစွဲမိ စေရန်ပင် ဖြစ်ကြောင်း သိရသည်။

မေဇာနည်ထွန်း | ecovisionjournal
၁၁ . ၈ . ၂၀၁၀
|

0 comments:
Post a Comment