
"မက်စ်မြန်မာ အနေနဲ့ တစ်နိုင်ငံ လုံးမှာ ဘဏ်ခွဲ ၁၀ ခုကျော် ဖွင့်လှစ် သွားမယ်" ဟု မက်စ်မြန်မာ ကုမ္ပဏီ အုပ်စုမှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင်လကုန် ပိုင်းက ပြောသည်။ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန် ချက်များဖြင့် မက်စ်မြန်မာ ကုမ္ပဏီ အုပ်စုက ဘဏ် များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မြိတ်၊ တောင်ငူ၊ မုံရွာ၊ ပခုက္ကူ၊ ဟင်္သာတ၊ မြောင်းမြနဲ့ ပုသိမ် တို့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း၊ အကြွေးဝယ်ကတ် စနစ်ကိုလည်း အကောင် အထည် ဖော်နိုင်ရန် ကြိုးစားလျက် ရှိကြောင်း ၎င်းက ပြောသည်။
ယခုလ ပထမပတ် ၌ အဆိုပါ သီရိရတနာ အဆင့်မြင့် ဈေးအတွင်း ၊ဧရာဝတီဘဏ် နှင့် လမ်းခြားလျက် မနီး မဝေးတွင် Asia Green Development Bank ကို စတင် ဖွင့်လှစ် ထားပြီး ဆက်လက် ဖွင့်လှစ်ရန် ရှိသည့် ယူနိုက်တက် အမရာဘဏ် နှင့် မြန်မာ့ ရှေ့ဆောင်ဘဏ် တို့မှာ ဥတ္တရသီရိ မြို့နယ် အင်ကြင်းပန်း အ၀ိုင်း အနီးတွင် တည်ရှိသည်။ ပြီးခဲ့သော မေလဆန်း ပိုင်းတွင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း များက ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် များကို မြန်မာ နိုင်ငံတော် ဗဟို ဘဏ်သို့ လျှောက်ထားခဲ့ ကြသည်။
ဘဏ်များ ဖွင့်ခွင့်ကို မေလကုန်တွင်၊ မက်စ် ကုမ္ပဏီများ အုပ်စု၊ ထူးကုမ္ပဏီများ အုပ်စု၊ ဧဒင် ကုမ္ပဏီများ အုပ်စု နှင့် အိုင်ဂျီအီးတို့မှ ဖွင့်လှစ်ခွင့် ရရှိခဲ့ ကြကြောင်း ပြည်တွင်းထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၁၂ . ၈ . ၂၀၁၀
|

0 comments:
Post a Comment