
ပဲခူး ရိုးမမှ ကြွက် ၀မ်းဖြူများသည် ဇွန်လကုန် ပိုင်းလောက်တွင် ရန်ကုန် မန္တလေး လမ်းပိုင်းကို ဖြတ်လျက် ပြောင်းရွှေ့ လာကြရာ မိုင်တိုင် အမှတ် ၈၅ မိုင် ၄ ဖါလုံမှ ၈၉ မိုင် အတွင်း ကြွက်ကောင် ရေ ၆၀၀ ခန့် ကားကြိတ် သေဆုံး နေသည်ကို တွေ့မြင်ခဲ့ ကြရပြီး ကျန်းမာရေး ဌာန တာဝန်ရှိ သူများက သွားရောက် စစ် ဆေး ခဲ့ကြ ရာ ကူးစက် နိုင်သော ရောဂါ ပိုးများ တွေ့ရှိခြင်း မရှိဟု သိရသည်။ စိုက်ပျိုးရေး ဌာန အနေဖြင့်မူ သီးနှံများ ဖျက်ဆီးခြင်း မခံရ စေရန် လက်ကမ်း စာစောင်များ ပိုစတာ များဖြင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်ဟု ဆိုသည်။
ကြွက်များ ထပ်မံ ပြောင်းရွှေ့ လာခြင်း ရှိမရှိကိုလည်း အမြဲတမ်း စောင့်ကြည့် မှုများ ပြုလုပ်လျက် ရှိသည်ဟု သိရ သည်။ ကြွက်များ သည် လယ်မြေ များကို ဖျက်ဆီးသည့် အပြင် စိုက်ပျိုး ချိန်မှ ရိတ်သိမ်းချိန် အထိ မျိုးစေ့ ၊ အပင်ပေါက်၊ အသီးအပွင့် များကို ကိုက်ဖြတ် စားသောက် တတ်ရုံမက သို လှောင် ချိန်တွင်ပါ ဖျက်ဆီး တတ်ကြောင်း၊ ထိုကြောင့် ကြွက်စား သတ္တ၀ါ လင်ကောင် ပိုးများကို ဖြန့်ဝေ ပေးလျက် ရှိကြောင်း သိရသည်။ လင်ကောင်ပိုးသည် တစ်ရက်လျှင် ပျမ်းမျှ ကြွက် နှစ်ကောင်နှုန်း ပုံမှန် စားသုံး တတ်ကြောင်း သိရသည်။
၁၂ . ၈ . ၂၀၁၀
|

0 comments:
Post a Comment