ထိုင်းနိုင်ငံ နှင့် ဆက်စပ် ကုန်သွယ် နေသည့် မြဝတီ နယ်စပ်မှ တစ်ဆင့် တင်ပို့ နေသော မြန်မာနိုင်ငံထွက် ရေထွက် ကုန်များကို ပြီးခဲ့သည့် ဩဂုတ် လဆန်းမှ စတင်၍ မြိတ် ကုန်သွယ်ရေး လမ်းကြောင်းမှ တစ်ဆင့် ပြောင်းလဲ တင်ပို့လျက် ရှိကြောင်း ငါး လုပ်ငန်း ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် သီရိ အဏ္ဏဝါ ခန်းမတွင် ကျင်းပသည့် ၂၇/၂၀၁၀ သားငါး ကဏ္ဍ ပုံမှန် တွေ့ဆုံ ဆွေးနွေး ပွဲတွင် ၄င်းက ယခု ကဲ့သို့ တရားဝင် ပြောကြားခြင်း ဖြစ်သည်။ယခင် မြဝတီမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ နေသော ရေခဲရိုက် ငါး များသည် မြိတ်မှ တစ်ဆင့် တင်ပို့လျက် ရှိခြင်းကြောင့် ထိုင်း နိုင်ငံသို့ တင်ပို့ နေသော ရေထွက် ကုန်များ မြိတ်မှ တစ်ဆင့် ပိုမို ကုန်သွယ် လာလျက် ရှိသည် ဟုလည်း ၄င်းက ဆက်လက် ပြောကြားသည်။ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းသည် ယခု ဘဏ္ဍာနှစ် အပြီး လေးလတာ ကာလ အတွင်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရန် လျာထားသည့် ပမာဏထက် သိသာစွာ ကျော်လွန်လျက် ရှိပြီး တန်ချိန် ၃၄၃၂ တန် ပိုမို တင်ပို့နိုင်ကာ ယမန်နှစ် ကထက် ဒေါ်လာ ၁၁ သန်းကျော် ပိုမို ရရှိနိုင်ခဲ့ သည်ဟု တရားဝင် စာရင်းများ အရ သိရှိရသည်။
၁၄ . ၈ . ၂၀၁၀
|

0 comments:
Post a Comment