Navigation - link to other main sections from here


ဓနုအမျိုးသားကောင်စီ တတိယ အကြိမ် အထူး ညီလာခံ နှင့် ၉ ကြိမ်မြောက် အထွေထွေ ညီလာခံ ကျင်းပ


သြဂုတ်လ ( ၁၂ ) ရက်နေ့မှ ( ၁၄ ) ရက်နေ့ အထိ (၃) ရက်ကြာ ကျင်းပသော ဓနုအမျိုးသား ကောင်စီ၏ တတိယ အကြိမ် အထူး ညီလာခံ နှင့် ၉ ကြိမ်မြောက် အထွေထွေ ညီလာခံကို ထိုင်း - မြန်မာ နယ်စပ် တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း ဟံသာဝတီ မှ သတင်း ရရှိသည်။ ထို ညီလာခံ မှ မြန်မာ နိုင်ငံ အတွင်း နိုင်ငံရေး နှင့် လူမှုရေး ပြုပြင် ပြောင်းလဲ မှုများ ဖြစ်ပေါ် စေနိုင်သော ၂၀၁၀ ရွေးကောက် ပွဲအား ဆန့်ကျင်သည့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး၌ မိမိတို့ ရပ်ရွာ အသိုင်း အ၀ိုင်းကို ခြေပြု သည့် အရေးယူ ဟန့်တား ဆောင်ရွက် ချက်များ၊ စည်းရုံး လှုံ့ဆော်ရေး များကို လှုပ်ရှား ဆောင်ရွက် သွားရန် နှင့် ၂၀၁၀ ရွေးကောက် ပွဲသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ၁၉၉၀ အနိုင်ရ ရွေးကောက်ပွဲ ရလဒ်ကို ပျက်ပြယ် စေသော ရွေးကောက်ပွဲ ဖြစ်သဖြင့် ၂၀၁၀ ရွေးကောက်ပွဲအား ပြင်းပြင်း ထန်ထန် ကန့်ကွန် ရှုတ်ချပြီး ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားအောင် နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်ရန် ဆုံးဖြတ် ကြကြောင်း သိရပါသည်။

ဓနုအမျိုးသားကောင်စီ ကို ၁၉၈၉ ခုနှစ်၊ မေလ ၂၁ ရက်နေ့ တွင် (၁) တိုင်းရင်းသား များ၏ အခွင့် အရေးကို မြှင့်တင် ပေးရန်။ (၂) တိုင်းရင်းသား လူမျိုးများ အပေါ် အကြမ်းဖက်မှု နှင့် ခေါင်းပုံဖြတ် အမြတ် ထုတ်မှု များကို ဆန့်ကျင် တားဆီးရန်။ (၃) တိုင်းရင်းသား များ၏ ဘ၀ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် စွမ်းရည် မြင့်တင် ပေးရန်။ (၄) ဓနုအမျိုးသား ကောင်စီ တွင် ငြိမ်းချမ်းရေး နှင့် လွတ်လပ်ခွင့်များ အတွက် အတူတကွ လှုပ်ရှား ဆောင်ရွက်ရန်။ စသော ဦးတည် ချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အသေးစိတ် အချက် အလက်များကို သိရှိလိုပါက www.dnc.sgov.in သို့ သွားရောက် ကြည့်ရှု့နိုင် ပါသည်။

ဓနုအမျိုးသား ကောင်စီ ၏ ညီလာခံ သို့ ဖိတ်ကြား ထားသော နိုင်ငံခြား သံရုံးအချို့မှ ဧည့်သည် တော်များ ၊ တိုင်းရင်းသား ခေါင်းဆောင်များ ၊ ဓနုအမျိုးသား ကောင်စီ၏ မဟာမိတ် အဖွဲ့ အစည်းများ နှင့် လေ့လာသူများ စုစုပေါင်း အင်အား (၁၆၀) ကျော် တက်ရောက် ကြကြောင်း သတင်း ရရှိသည်။

ဓနုအမျိုးသားကောင်စီ ၏ ထိပ်ပိုင်း ခေါင်းဆောင် များမှာ ဥက္ကဌ စ၀်ဝဏ္ဏ ၊ ဒုဥက္ကဌ ဗိုလ်ချုပ် သိန်းဝင်း ၊ အထွေထွေ အတွင်းရေးမှူး စ၀်ရွှေဝင်း ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် - စိုင်းဆင်ဆိုင်း နှင့် တွဲဖက် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး - စိုင်းမျိုးဝင်းတို့ ဖြစ်ကြသည်။



၁၅ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats