Navigation - link to other main sections from here


အင်းလေးကန် ရေပြင် လေးပေခန့် ပြန်မြင့်လာ


နွေရာသီ ကာလ ရေခန်းခြောက် ခဲ့သော အင်းလေးကန်ရေ မှာ လေးပေခန့် အထိ ပြန်လည် ရောက်ရှိလာ ခဲ့ကြောင်း သိရသည်။ ''အတိ အကျ ပြောရရင် ၃ ပေ ၇ လက်မ အထိ ရောက်လာခဲ့ ပါတယ်။ သွား လာရတာ အဆင်ပြေ လာပါပြီ။ ရေပြန်ရ လာတဲ့ အတွက် ဖောင်တော်ဦး ဘုရားပွဲ ကျင်းပဖို့ အဆင်ပြေ လာပါတယ်။ အဲဒီ အတွက်လဲ အင်းသူ အင်းသားတွေ ပျော်နေ ကြပါပြီ'' ဟု အင်းလေးကန် ဒေသတွင် နေထိုင်သော အင်း အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားပါသည်။

ဖောင်တော်ဦး ဘုရားပွဲသည် အင်းလေး ဒေသသာ မက မြန်မာ နိုင်ငံ အပါအ၀င် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင် တစား လာရောက် လည်ပတ် နေသည့် လူသိများ ထင်ရှားသော ပွဲတော် တစ်ခု ဖြစ်ပြီး နှစ်စဉ် အောက် တိုဘာလတွင် ကျင်းပကြောင်း သိရသည်။ ''ရက်ပေါင်း ၂၀ အတွင်း ရေတွေ ပြန်ပြည့်လာ တာပါ။ နွေရာသီ တုန်းက ဆိုရင် ဒုက္ခတွေ့ခဲ့ ရတာ။ အခုတော့ စိုက်ပျိုးရေး ရော သောက်သုံးရေ အတွက်ပါ အဆင်ပြေ သွားပြီ'' ဟု ဦးဝင်းမြင့်က ဆက်ပြောကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ် တွင် ဖော်ပြ ထားသည်။


၃၁ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats