
အထက် ဖော်ပြပါ ဖိလစ်ပိုင် နိုင်ငံသား နှစ်ဦး ထုတ်ဖော် တင်ပြသည့် ဆန္ဒအား သင်္ဘောသား အသင်း အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးစိုးမင်းအောင် က လက်ခံ ဆွေးနွေး ရာတွင် အဆိုပါ သင်္ဘောသား (၂) ဦးမှ အောက်ဖော်ပြပါ အချက်များ တင်ပြ သည်ကို တွေ့ရှိ ရပြီး သင်္ဘော ပေါ်တွင် ဆက်လက်၍ တာဝန်ထမ်း ဆောင် လိုခြင်း မရှိသည့် ကိစ္စအား မည်သို့ ဆောင်ရွက် ရမည်ကို လမ်းညွှန် အကြံပြု ခဲ့ပါသည်။
(၁) သင်္ဘောသား(၂)ဦး ရိုက်ကူးခဲ့သော ဓာတ်ပုံ များအား ကြည့်ရှုခြင်း
(၂) သင်္ဘောသားများ တင်ပြသည့် သောက်သုံးရေ နမူနာ ပုလင်းအား ကြည့်ရှု စစ်ဆေး ခြင်းများ ပြုလုပ် ပါသည်။
ထို့နောက် ဖိလစ်ပိုင် သင်္ဘောသား (၂) ဦးသည် Shipping master ထံသို့ ၄င်းတို့ တာဝန် ထမ်းဆောင် နေသော သင်္ဘောသည် ပင်လယ်ပြင်၌ ခုတ်မောင်း သွားလာရန် အန္တရာယ် ရှိကြောင်း အကြောင်းကြား တင်ပြသည့် စာတစ်စောင်အား တင်ပြကြ ပါသည်။ ၄င်းသင်္ဘောသား နှစ်ဦး၏ တင်ပြ ချက်ကြောင့် ရေကြောင်း ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် အဆိုပါ MV CABOT ORIENT အား စစ်ဆေး ရာတွင် သင်္ဘောသားများ တင်ပြသည့် အကြောင်း အချက်များ နှင့် ကိုက်ညီမှု ရှိသဖြင့် သင်္ဘောသား (၂) ဦးတင်ပြ တောင်းဆိုသည့် သင်္ဘော ပေါ်တွင် ဆက်လက် တာဝန် ထမ်းဆောင် လိုခြင်း မရှိသည့် ၄င်းတို့၏ ဆန္ဒအား လိုက်လျော ခွင့်ပြုခဲ့ ပါသည်။
သင်္ဘောသား နှစ်ဦး အနက် အင်ဂျင်နီယာမှူးကြီး MR.REYANLDA LOVERS သည် (၂ဝ၁ဝ) ခုနှစ် ဇူလိုင် (၂၂) ရက် နေ့တွင် ရန်ကုန် - မင်္ဂလာဒုံ လေဆိပ်မှ ပြန်လည် ထွက်ခွာ သွားပြီး ဖြစ်ကာ ဒုတိယ အင်ဂျင်နီယာ MR.NICANDRO GOTARDO မှာ မူ မြန်မာနိုင်ငံမှ ၄င်း၏ ဇာတိ ဖြစ်သော ဖိလစ်ပိုင် နိုင်ငံသို့ ပြန်လည် ထွက်ခွာ နိုင်ရန် အတွက် Landing Permit စောင့်ဆိုင်း နေဆဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းမှ ပြောရေး ဆိုခွင့်ရှိသူမှ ပြောပါသည်။
သတင်းထောက်-ခင်မောင်ညွန့် | လျှပ်တပြက်
၃၁ . ၈ . ၂၀၁၀
|

0 comments:
Post a Comment