Navigation - link to other main sections from here


မြန်မာ့ဆန် မက်ထရစ်တန် သုံးသောင်း အိန္ဒိယနိုင်ငံ မဏိပူ ပြည်နယ်မှ တင်သွင်းမည်


အိန္ဒိယ နိုင်ငံ အစိုးရ စားသုံး သူများ ရေးရာ ၀န်ကြီး ဌာန အစားအစာ ဖြန်ဖြူးရေး ဌာနမှ မဏိပူ ပြည်နယ် စက်မှု လက်မှု ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် (အမ်အေအန် အိုင်ဒီစီ အို) အား မြန်မာ နိုင်ငံမှ ဆန် မက်ထရစ်တန် သုံးသောင်း တင်သွင်း ခွင့်ပြုကြောင်း အမိန့်စာကို ထုတ်ပြန် လိုက်သည်ဟု သိရသည်။

မဏိပူ ပြည်နယ်၏ မြို့တော် ဖြစ်သော အင်ဖါမှ အရာရှိကြီး များ၏ အဆိုအရ ဆန် တင်သွင်းမှုမှာ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒ ၂၀၀၉-၁၄ အရ ဆောင်ရွက် စေခြင်း ဖြစ်ပြီး သွင်းကုန် ဂျူတီ အခွန် ကင်းလွတ် ခွင့်လည်း ပြုမည်ဟု ဆိုသည်။ ပို့ဆောင်ရေး အစီ အစဉ်များ စီစဉ် ဆောင်ရွက်ပြီး ပါက ဆန်ကို မြန်မာနိုင်ငံ တမူးမြို့မှ တဆင့် အဝေးပြေး လမ်းမကြီး အန်အိပ်ခ်ျ-၃၉ အတိုင်း တင်သွင်း လာမည်ဟု ဆိုသည်။

ဝန်ကြီး ဌာနမှ ဆန်ကို သာမက လောင်စာ ဆီ များကိုလည်း လက်ရှိ ကာလများ အတွင်း မြန်မာနိုင်ငံမှ တင်သွင်းခွင့် ပေးလိမ့် မည်ဟုလည်း သိရသည်။ မဏိပူ ပြည်နယ်သည် အန်အိပ်ခ်ျ-၃၉ လမ်းမကြီး ပေါ် တွင် လမ်း ပိတ်ဆို့မှု များနှင့် ဆန္ဒပြမှု များနှင့် ရင်ဆိုင် နေရကာ ကုန်းတွင်း လမ်းပိတ် ပြည်နယ် တစ်ခု အတွက် အခက်အခဲ များကို ဖြစ်စေ ခဲ့သည်။

အခြေအနေမှာ ဧပြီလ လည်မှ ဇွန်လ အတွင်း အတော် ဆိုးဝါးခဲ့ပြီး မရှိမဖြစ် ကုန်စည်များ ဖြစ်သော စားသုံး သီးနှံနှင့် လောင်စာဆီ တို့အတွက် လမ်း ပိတ်ဆို့ မှုကြောင့် ပြတ်လပ် မှုများ ဖြစ်ခဲ့ ရသည်။ ကုန်ဈေးနှုန်း များမှာ မိုးထိုး တက်သွား ခဲ့ရာ အစိုး ရက လေယာဉ် ဖြင့်ပင် ကုန်စည် များကို ပို့ဆောင် ပေးခဲ့ ရသည်။

ဇွန်လ ၁၈ ရက် နေ့တွင် အားလုံးသော နာဂ ကျောင်းသားများ အဖွဲ့ နှင့် ယင်း တို့ကို ကျောထောက် နောက်ခံ ပေးထားသော နာဂ ကျောင်းသားများ ဖက်ဒရေးရှင်း တို့က လမ်း ပိတ်ဆို့ ထားခဲ့ရာ ၆၈ ရက် ကြာမြင့် ခဲ့သည်။ ယခု ပင်လျှင် အင်အိတ်ခ်ျ-၃၉ လမ်းမကြီးမှာ ကိုဟီးမားမြို့ အနီးတွင် မြေပြို မှုကြောင့် လမ်း ပိတ်ဆို့ နေဆဲ ဖြစ်ကြောင်း သတင်း များတွင် ဖော်ပြ ထားသည်။


၃၁ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats