အိမ်ရာဝင်း အတွင်းမှ စက်မှု လုပ်ငန်းတွေ ပိတ်သိမ်းရန် ဆိုင်ရာမှ သတိပေး ထားပြီး ဖြစ်သော်လည်း အချို့သော ပုဂ္ဂလိက လုပ်ငန်း ရှင်များသည် အသေးစား လုပ်ငန်း များ လုပ်ကိုင် ရာမှ တစ်စ တစ်စ စက်ရုံ/ အလုပ်ရုံ လုပ်ငန်း ကြီးများ အဖြစ် တိုးချဲ့ လုပ်ကိုင် လာကြခြင်း ဖြစ်သည်။ လူနေ အိမ်များ အတွင်း များသော အားဖြင့် ပလတ်စတစ် လုပ်ငန်း၊ ပုံနှိပ် လုပ်ငန်း၊ မိတ်ကပ်ထုတ် လုပ်ငန်း၊ ကားဘော်ဒီ၊ ဇာပန်းထိုး၊ ရယ်ဒီမိတ် အဆင့်မြင့် လူနေ အိမ်ရာ ဝင်းများ အတွင်း စက်ရုံ/ အလုပ်ရုံ များ လုပ်ကိုင် နေခြင်းကြောင့် တိုင်ကြားလာမှုများ ရှိလာ၍ လိုက်လံ စစ်ဆေး အရေးယူမှုများ၊ သင့်လျော်ရာ စက်မှုဇုန်များ သို့ ပြောင်းရွှေ့ နေရာချထား ပေးခြင်းများ ပြုလုပ်ပေးလျက် ရှိသည်။ရန်ကုန်တိုင်း အတွင်း စက်ရုံ/ အလုပ်ရုံများကို စက်မှု ဇုန်များ တွင်သာ လုပ်ကိုင် ခွင့်ပြု အထည်ချုပ် လုပ်ငန်း၊ သံဂဟေဆက် လုပ်ငန်းများ ဖြစ်သည် ဆို၏။ လုပ်ငန်းရှင်များ သည် မြို့ပြင် အိမ်ရာဝင်း များတွင် အဆောက် အအုံ ငှာရမ်း လုပ်ကိုင် မှုမှာ အများဆုံး ဖြစ်ပြီး အချို့မှာ လုပ်ငန်း လုပ်ကိုင် ရန် အဆောက်အအုံ ပုံစံများပါ ဆောက်လုပ် လာရကြောင်း အချို့ အဆင့်မြင့် အိမ်ရာဝင်း များတွင် တစ်နိုင် တစ်ပိုင် လုပ်ငန်း အသွင်ဖြင့် လုပ်ဆောင် နေသော စက်ရုံ/ အလုပ်ရုံ လုပ်ငန်းပေါင်း ၂၄ ခု ခန့်ရှိနေကြောင်း၊ လူနေ အိမ်ရာ များတွင် စက်ရုံ/ အလုပ်ရုံ လုပ်ကိုင်မှုများကို သက်ဆိုင်ရာ ဌာနများမှ လိုက်လံ စစ်ဆေးပြီး လောလောဆယ် စက်လည်ပတ်မှုများ ရပ်ဆိုင်းရန် ညွှန်ကြားထားပြီး ဖြစ်၍ ဆက်လက် လည်ပတ်လျက် ရှိသော စက်ရုံ/ အလုပ်ရုံများကို လိုအပ်သလို ထပ်မံ အရေးယူ သွားမည် ဆို၏။
နေအိမ်များတွင် စက်မှု လုပ်ငန်းများ မပြုလုပ်ရန် အိမ်ရာဝင်းတွင် ကြော်ငြာခြင်း၊အိမ်ရာဝင်း အတွင်း နေထိုင် သူ အိမ်ထောင်စု အားလုံး သိရှိစေရန် အကြောင်း ကြားစာများ ပေးပို့ခြင်း စသည့် စည်းကမ်း သတ်မှတ်ချက်များ ပြုလုပ်ထားပြီး ငှားရမ်း လုပ်ကိုင် နေသူများ အတွက် ငှားရမ်း နေထိုင်သူ အပြင် အိမ်ပိုင်ရှင် သို့ပါ သိရှိစေရန် အကြောင်းကြားစာ ပေးပို့ခြင်း၊ ထို့ပြင် အိမ်ရာ ဝင်းများတွင် စက်မှုလုပ်ငန်း လုပ်ကိုင် နေသူများ အနေဖြင့် လျှပ်စစ် ဓာတ်အား လုပ်ငန်းမှ ခွင့်ပြုချက် ဖြင့် လျှပ်စစ် ဓာတ်အား သုံးစွဲခြင်း ဟုတ်/ မဟုတ် စစ်ဆေးခြင်း တို့ကိုလည်း သက်ဆိုင်ရာနှင့် အိမ်ရာဝင်း ကော်မတီများက ပူးပေါင်း လုပ်ကိုင် သွားမည်ဆို၏။
၃ . ၈ . ၂၀၁၀
|

0 comments:
Post a Comment