
မန္တလေး ဘူတာကြီး အတွင်းမှာ ရှိတဲ့ ယာဉ်တွေနဲ့ ပတ်သက်တဲ့ ကြော်ငြာ စာရွက်ကြီးက ခရီးသည် များကိုပါ သွားလာမှု အခက် အခဲ ကြုံတွေ့ နေရ သည်ဟု ခရီးသည် အများ စု၏ ပြောပြချက် အရ သိရှိ ရသည်။ မန္တလေးကို မကြာခဏ သွားလာ နေရတဲ့ အချိန်မှာ ရထားက ဆင်းတာ နဲ့ ခရီးသည် အများစုဟာ မော်တော်ယာဉ် တွေကို ငှားရမ်း အသုံးပြု ပြီးမှ သွားလာ ကြရတာ ဖြစ်လို့ အချိန်တိုင်း မှာပဲ အငှားကား တွေနဲ့ အပြန် အလှန် အမှီသဟဲ ပြုလုပ် နေကြ ရတဲ့ ခရီးသွားတွေ အတွက်ပါ ကသီလင်တ ဖြစ်ကြရသည်။ အဆိုပါ ကြေညာ ချက်တွင် ''မန္တလေး ဘူတာကြီး အတွင်း ယာဉ် ရပ်နားခွင့် ပြုပါမည်။ ရပ်နားချိန် (၂) နာရီ ကျော် ပါက (၁) နာရီ ဒဏ်ငွေ (၂ဝဝဝ) ကျပ် ပေးဆောင် ရပါမည်'' ဟု ဖော်ပြ ထား သည်ကို တွေ့ရသည်။ ထို ကြော်ငြာချက် အရ တစ်နေကုန် ဂိတ်ထိုးပြီးခ ရီးသည် ရပ်စောင့် နေကြ ရသည့် အငှားယဉ်မောင်းများ အတွက်ပါ အဆင် မပြေမှု ဖြစ်ပေါ် လာနိုင်သည်။ ဆိုင်ကယ် တက္ကစီတွေ ခြေချင်းလိမ် နေသည့် မန္တလေး ဘူတာကြီး အတွင်းဝယ် အငှားလိုက် မော်တော် ယာဉ်များ အတွက် (၂) နာရီကျော် အောင် ရပ်စောင့် နေသော်လည်း ခရီးသည် မရသဖြင့် ဒီအတိုင်း ငုတ်တုတ် ထိုင်နေ ကြရသည့် ယဉ်မောင်းများ အပေါ် ဝန်ထုပ် ဝန်ပိုး ပိစေ သကဲ့သို့ ဖြစ်စေ ရသည်။ မော်တော် ဆိုင်ကယ် တွေက အရေ အတွက် များပြား လှသလို ဈေးချို နှင့် ဘူတာကြီးလို အကွာ အဝေးကို (၅ဝဝ) ကျပ်နဲ့ ခေါ်ပြီး တင်သွား ကြသည်။ အငှားယာဉ်တွေ မှာတော့ တစ်နေကုန်အောင် ငေးမျှော် စောင့်နေပါ သော်လည်း ငှားမည့်သူ အလွန် ရှားပါးခဲ့ သဖြင့် အဆင် မပြေ ကြုံတွေ့ နေကြ ရသည် ဟု လျှပ်တပြက်ဂျာနယ်တွင် ဖော်ပြထားသည်။
၃ . ၈ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment