Navigation - link to other main sections from here


အမေရိကားမှ ပစ္စည်းများ မြန်မာပြည်မှ မှာယူ နိုင်မည့် အွန်လိုင်း စတိုး


ကွန်ပျူတာ ပစ္စည်းများ အပါအ၀င် အမေရိကန် နိုင်ငံတွင် ရောင်းချလျက် ရှိသော ကုန်ပစ္စည်း မျိုးစုံကို အွန်လိုင်းမှ တစ်ဆင့် အလွယ် တကူ မှာယူ နိုင်မည့် အွန်လိုင်း စတိုး ၀က်ဘ်ဆိုက် တစ်ခုကို ပြီးခဲ့သည့် လအတွင်း စတင် လွှင့်တင် ခဲ့ကြောင်း ထို အွန်လိုင်း စတိုးကို ဖွင့်လှစ်သည့် ကိုအောင်ဇော်ထွေးက ပြောကြားသည်။ www.yangononlinestore.com လိပ်စာဖြင့် ဖွင့်လှစ် ထားသည့် အဆိုပါ အွန်လိုင်း စတိုးတွင် ဈေးဝယ်သူများ အနေဖြင့် အမေရိကန် နိုင်ငံတွင် ရောင်းချလျက် ရှိသော သယ်ဆောင်ရ လွယ်ကူသည့် မည်သည့် ပစ္စည်းကို မဆို ရွေးချယ် ၀ယ်ယူ နိုင်ပြီး ဈေးဝယ်ခြင်း ကိစ္စရပ်များ ဆက်သွယ် ဆောင်ရွက်ရန် အတွက် ရန်ကုန်မြို့ တွင်လည်း ဆိုင် ဖွင့်လှစ် ထားရှိကြောင်း ဆိုသည်။ “လက်ရှိ မှာတော့ နိုင်ငံတကာ ပစ္စည်း တွေကို ၀ယ်ယူလို့ မရနိုင်သေး ပါဘူး။ အမေရိကန်က ပစ္စည်းတွေ ကိုပဲ ၀ယ်ယူ ရရှိနိုင်ဦး မှာပါ။

ပစ္စည်းတွေ အနေနဲ့ ကတော့ Golf ပစ္စည်းတို့၊ ကွန်ပျူတာ ပစ္စည်းတို့ စတဲ့ Compact ဖြစ်တဲ့ ဘယ် ပစ္စည်း မဆို ၀ယ်ယူ နိုင်အောင် ၀န်ဆောင်မှု ပေးထား ပါတယ်။ ၀န်ဆောင်ခ အနေနဲ့ ကတော့ အတိ အကျ သတ်မှတ် ထားတာမျိုး မရှိပါဘူး။ ပစ္စည်း အမျိုးအစားပေါ် မူတည်ပြီး ကောက်ခံသွား မှာပါ ” ဟု ၎င်းက ပြောသည်။ ထို အွန်လိုင်း စတိုးတွင် မိမိ ၀ယ်ယူမည့် ပစ္စည်း တန်ဖိုးကို ကန့်သတ် ထားခြင်း မရှိသည့် အပြင် ကျသင့် တန်ဖိုး ကိုလည်း မြန်မာ ကျပ်ငွေဖြင့် လွယ်ကူစွာ ပေးချေ နိုင်ရန် စီစဉ်ထားကြောင်း၊ လက်ရှိတွင် အမေရိကန် နိုင်ငံတွင် ရောင်းချလျက် ရှိသည့် ကုန်ပစ္စည်းများ ကိုသာ ၀ယ်ယူနိုင် သော်လည်း နောက်ပိုင်းတွင် အခြား နိုင်ငံများမှ ပစ္စည်းများ ကိုလည်း ၀ယ်ယူ နိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း ဆိုသည်။ ထိုကဲ့သို့ အွန်လိုင်းမှ ဈေးဝယ် နိုင်သည့် ၀န်ဆောင်မှုကို အခြား နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်သည့် Myanmar's net ကလည်း ယခုနှစ်မှ စတင်ခါ ၀န်ဆောင်မှုပေး လုပ်ကိုင်လျက် ရှိသည်ကို သိရကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည်။


၁၁ . ၇ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats