Navigation - link to other main sections from here


ရခိုင် ရေဘေး ဒေသတွင် မျိုးစေ့ နှင့် မြေသြဇာများ အရေး တကြီး လိုအပ်နေ


ရေဘေး ဒုက္ခနှင့် ကြုံတွေ့နေ ရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင် နှင့် မောင်တော မြို့တို့ တွင် မျိုးစေ့ နှင့် မြေသြဇာများ အရေးတကြီး လိုအပ်နေ ကြောင်း FAO က ဆိုသည်။ ၄င်း ဒေသတွင် ရေဘေး ဒုက္ခ ကြုံရ ပြီးနောက် မျိုးစေ့ ဝေခြင်း ၁၅ဝဝ၊ မြေသြဇာအိတ် ၅ဝဝ အသီး မျိုးစေ့ ၂ဝဝ ကီလိုဂရမ် နှင့် ပဲစေ့ ၆ဝဝ ကီလိုဂရမ် ထုတ်ပေးရန် လိုအပ် ကြောင်း FAOက ခန့်မှန်း ထားသည်။ FAOသည် ဒေသ အာဏာပိုင်များ နှင့် ပူးပေါင်း၍ စိုက်ပျိုးရေး အတွက် စပါးမျိုးစေ့ တင်း ၄ဝဝဝ ကို ထုတ်ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။ ထို့အပြင် ဈေးကွက်ထုတ် လုပ်မှု အတွက် မြေသြဇာအိတ် ၅ဝဝ ၊Taro Corn ၇ တန်၊ အသီး အရွက် နှင့် ပဲစေ့ ၃ဝဝ ကီလိုဂရမ် ၊ Drum Stick မျိုးစေ့ ၁၈ ကီလိုဂရမ် နှင့် မွေးမြူရေး အတွက် ဆိတ် ၁၄ဝ ကောင် တို့ကိုလည်း ပေးအပ် ခဲ့ကြောင်း သိရသည်။ ဘူးသီးတောင် နှင့် မောင်တော ဒေသတွင် အနာဂတ်၌ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက် လာစေရန် အတွက် လယ်ဧက ၅ဝဝ ခန့် ခုတ်ထွင် ရှင်းလင်းရန် လိုအပ် ကြောင်း FAO က ဆိုသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးသည်း ထန်စွာ ရွာသွန်း ပြီးနောက် ရေကြီးခြင်း နှင့် မြေပြိုခြင်း များ ဖြစ်ပွား ခဲ့ရာ လူ ၆၈ ဦး သေဆုံးပြီး အိမ်ခြေ ၂၈ဝဝဝ ခန့် ရေလွှမ်းမိုး ခံခဲ့ရ သည်ကို UNHCR က ထုတ်ပြန်ခဲ့ ကြောင်း ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြထားသည်။

၉ . ၇ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats