Navigation - link to other main sections from here


တစ်ခါသုံး ဖုန်းကတ် ဝယ်ရင် ဆိုင် အချို့က မှတ်ပုံတင် မိတ္တူ မတောင်းတော့


အခု နောက်ပိုင်းမှာ ဖုန်း အရောင်းဆိုင် အတော် များများ မှာ အက်ဖ်အီးစီ ၂၀၊ ၅၀ တန် တစ်ခါသုံး ငွေကြိုပေး ဖုန်းကတ် ဝယ်ရင် မှတ်ပုံတင် မိတ္တူ မတောင်းတော့တာ တွေ့ရတယ်။ ၂၀ တန် ကတ်ဖုန်း အမြဲ အသုံးပြု နေတဲ့ မမေသူက “ အရင်က ဖုန်းကတ် ဝယ်ရင် မှတ်ပုံတင် မိတ္တူ ပေးခဲ့ရ တယ်၊ အခုနောက်ဆုံး တစ်ခေါက် ဝယ်တော့ မိတ္တူ မတောင်း တော့ဘူး၊ အိတ်ထဲမှာ မှတ်ပုံတင် ဆောင်စရာ မလိုတော့ဘူး ဆိုတော့ အလုပ် မရှုပ် တော့ဘူးပေါ့ ”လို့ ပြောပါတယ်။ သည်နှစ် မေလဆန်း ပိုင်းမှာ ဖုန်းကတ် ဝယ်သူတွေ ဆီက မှတ်ပုံတင် မိတ္တူရမှ ဖုန်းကတ် ရောင်းချ ရမယ်လို့ စင်ထရယ် မာကတ်တင်း က သတ်မှတ် ထားပါတယ်။ အဲသည် နောက်ပိုင်း ဖုန်း အရောင်း ဆိုင်တွေ ဖုန်းကတ် ရောင်းအား ထက်ဝက် မက ကျဆင်း သွားတယ်လို့ သိရတယ်။ ကျွန်တော်တို့ အက်ဖ်အီးစီ ၂၀ တန်၊ ၅၀ တန် ဖုန်းကတ် တွေကို မှတ်ပုံတင် မတောင်းဘဲ ရောင်းပေး နေပါတယ်။ အနီး အနားမှာ ရှိတဲ့ ဖုန်းဆိုင် အချို့ကလည်း မတောင်းတော့ ကိုယ့်ဆိုင် က ကွက်ပြီး တောင်းရင် ရောင်းရမှာ မဟုတ်ဘူးလို့ မဟာဗန္ဓုလ ပန်းခြံလမ်း အနီးမှ ဖုန်းဆိုင် တစ်ဆိုင်က ပြောပါတယ်။

ယခင်ကထက် စာရင် စင်ထရယ် မာကတ်တင်း ဘက်က စည်းကမ်း အရမ်း တင်းကျပ် တာတွေ မလုပ်တော့ ပေမယ့် ဖုန်းဆိုင်ကြီး တချို့ ကတော့ မှတ်ပုံတင် မိတ္တူတောင်းပြီး ရောင်းချ ဆဲပဲလို့ သိရတယ်။ ရွှေဂုံတိုင် မစ္စတာဖုန်း တယ်လီကွန်မှ မန်နေဂျာ ဒေါ်မြတ်သီရိခိုင်က “ ဖုန်းကတ်ကို မြန်မာ့ ဆက်သွယ်ရေး နဲ့ စင်ထရယ် မာကတ်တင်း က ညွှန်ကြား ထားတဲ့ အခြေ အနေပေါ် မူတည်ပြီး ရောင်းပေးနေ ပါတယ်၊ မိတ္တူ တောင်းရမယ် ဆိုပြီး စလုပ်ချိန် တုန်းက ရောင်းအား သိသိ သာသာ ထိခိုက်ခဲ့ ပေမယ့် အခုတော့ ပုံမှန် ဖြစ်နေ ပါပြီ ” လို့ ပြောပါတယ်။ ဆိုင်တွေမှာ ရောင်းချတဲ့ ဖုန်းကတ် ဈေးနှုန်းတွေက တော့ မကွာခြား ဘူးလို့ သိရတယ်။ အခုလက်ရှိ ရောင်းချနေတဲ့ ဖုန်းကတ် ဈေးနှုန်း တွေက ကျပ် ၂၂၀၀၀၊ ၂၃၀၀၀ ဝန်းကျင်ပါဟု ပြောကြား ခဲ့ကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြ ထားသည်။


၉ . ၇ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats