Navigation - link to other main sections from here


ဒေါက်တာနိုင်ပန်းလှ စာအုပ် နှစ်အုပ် အား အင်္ဂလိပ် ဘာသာ နှင့် ထုတ်ဝေမည်


ဆရာကြီး ဒေါက်တာ နိုင်ပန်းလှ မကွယ် လွန်ခင် အင်္ဂလိပ် ဘာသာနဲ့ ရေးသားခဲ့ တဲ့ စာအုပ်နှစ် အုပ်ကို လောကအလင်း စာပေတိုက် ကနေ ဒီနှစ် စက်တင်ဘာ နဲ့ အောက်တိုဘာလ တို့မှာ ထုတ်ဝေသွား မယ်လို့ သိရပါတယ်။ ထုတ်ဝေ သွားမယ့် စာအုပ် နှစ်အုပ် မှာ “A Short Mon History ” နဲ့ “ Archaeological Aspects on Old Pyu Mon Myanmar” တို့ဖြစ် ပြီး ပထမ တစ်အုပ်ကို စက်တင်ဘာလ ထဲမှာ ထုတ်ဝေ သွားမှာ ဖြစ်ပြီး ဒုတိယ တစ်အုပ် ကိုတော့ နိုဝင်ဘာလ အတွင်း ထွက်ရှိ နိုင်ရန် ခန့်မှန်း ထားကြောင်း လောက အလင်း စာအုပ်တိုက် မှ စီစဉ်သူ မောင်ဇေယျက ပြောကြား ပါသည်။ "ကျွန်တော်တို့ လောက အလင်း စာအုပ် တိုက်က ဆရာကြီး ဒေါက်တာ နိုင်ပန်းလှ ရှိစဉ် တုန်းက စာအုပ် နှစ်အုပ် ထုတ်ဝေဖို့ တောင်း ထားတယ်။ စာအုပ် နှစ်အုပ် စလုံး စိစစ်ရေးက ကျပြီးပြီ။ ထုတ်ဝေဖို့ ပြင်ဆင် နေတယ်" လို့ သူက ဆိုပါတယ်။

' A Short Mon History က မွန် သမိုင်း အကျဉ်းချုပ်ပါ။ ရှေးဟောင်း သုတေသန အထောက် အထား၊ ဘာသာ ဗေဒ အထောက် အထား တွေနဲ့ ရေးထား တဲ့ သုတေသန စာတမ်းပါ။ တစ်ခါမှ တော့ ပုံနှိပ်ပြီးသား မရှိသေးဘူး။ ဆရာကြီး ဖတ်ထားတဲ့ စာတမ်းတွေပေါ့။ အဲဒီ စာတမ်းမှာ မွန်လူမျိုးတွေ ဘယ်နေရာ ကနေ စပြီး ပြောင်းရွှေ့ လာတယ် ဆိုတဲ့ အကြောင်း၊ အောက်မြန်မာပြည် ရာမည ဒေသမှာ သုဝဏ္ဏဘူမိ တည်ထောင်တဲ့ အကြောင်း၊ မွန် လူမျိုးတွေရဲ့ သမိုင်းကြောင်းကို အထောက် အထား တွေနဲ့ ရေးထား တာကို ထုတ်ဝေ မှာပါ" လို့ မောင်ဇေယျက ရှင်းပြပါတယ်။

“Archaeological Aspects on Old Pyu Mon Myanmar” စာအုပ် က တော့ ဆရာ နိုင်ပန်းလှ ၁၉၈၀ ၀န်း ကျင် ကThe Working People's Daily နဲ့ Guardian အင်္ဂလိပ် သတင်းစာ တွေမှာ ရေးခဲ့တဲ့ ရှေးဟောင်း သုတေသနနဲ့ ဆိုင်တဲ့ ဆောင်းပါး တွေကို ပြန်စုစည်းပြီး လုံးချင်း စာအုပ် အနေနဲ့ ထုတ်ဝေမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

"ကျွန်တော် တို့ ဒီစာအုပ် တွေ ထုတ် တဲ့ ရည်ရွယ် ချက်က ဆရာကြီးက မြန်မာ လိုရော၊ အင်္ဂလိပ် လိုရော စာအုပ် တွေ ရေးခဲ့တယ်။ မြန်မာလို ရေးတာ ကတော့ ပြည်တွင်း မှာ လူသိများ ပေမယ့် အင်္ဂလိပ်လို ရေးတာ ကတော့ စာအုပ် မဖြစ်သေးဘူး။ ဒါကြောင့် ကိုယ့်ပြည်တွင်းမှာပဲ ဒေါက်တာ နိုင်ပန်းလှ အင်္ဂလိပ်လို ရေးတယ် ဆိုတာ သိစေချင်တဲ့ အတွက် အခုလို ထုတ်ဖြစ်တာပါ"လို့ မောင်ဇေယျက ပြောပြကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။



၁၁ . ၇ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats