
ဖိုက်ဘာ ဆက်ကြောင်း အင်တာနက်လိုင်း (Fiber to the Home) စနစ် ပေါ်တွင် ဝန်ဆောင်မှု ပေးမည့် Triple Play Services တွင် ပါဝင်သော IPTV အစီ အစဉ် အတွက် နိုင်ငံတကာ i-Move TV Channel ကို ပြည်တွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ စတင် အကောင် အထည်ဖော် နေပြီ ဖြစ်ကြောင်း စုံစမ်း သိရှိ ရသည်။ Fiber to the Home (FTTH) စနစ် ပေါ်တွင် အခြေခံပြီး နိုင်ငံတကာ ရုပ်သံ လိုင်းများ တိုက်ရိုက် ထုတ်လွှင့်မည့် အစီ အစဉ်ကို ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဖြစ်သော ရွှေသံလွင် ကုမ္ပဏီ လီမိတက် ၏ လုပ်ငန်းခွဲ တစ်ခု ဖြစ်သည့် ရွှေသံလွင် မီဒီယာ နှင့် ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဌာန၏ သတင်း အချက် အလက် နှင့် နည်းပညာ လုပ်ငန်း များကို လုပ်ကိုင်ခွင့် ရရှိထားသော ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်တွင်းထုတ် 7 Day News ဂျာနယ်တွင် လည်း ဖော်ပြ ထားပါသည်။ ပြည်တွင်းမှ နိုင်ငံတကာ ရုပ်သံလိုင်း များကို တိုက်ရိုက် ကြည့်ရှု နိုင်စေရန် အတွက် အဓိက ရည်ရွယ်သော အဆိုပါ ထုတ်လွှင့်မှု အစီအစဉ် တွင် ကမ္ဘာ တစ်ဝန်းမှ လူကြိုက် အများဆုံး ရုပ်သံလိုင်း များကို တစ်စု တစ်စည်းတည်း တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်ပြီး ရုပ်သံလိုင်း ၂၉ လိုင်း ပါဝင်မည် ဖြစ်ပြီး အခမဲ့ ရုပ်သံလိုင်း (Free Channal) ငါးလိုင်း နှင့် အခပေး ရုပ်သံလိုင်း ၂၄ လိုင်း ပါဝင်မည် ဖြစ်သည်။
အဆိုပါ ရုပ်သံ လိုင်းများပေါင်း ၂၉ လိုင်းတွင် ပြည်တွင်း ရုပ်သံ လိုင်းများပါ ပါဝင်မည် ဖြစ်သည်။ ယင်း ရုပ်သံလိုင်း များအား FttH စနစ်ကို အသုံးပြု သူများ သုံးစွဲ နိုင်မည် ဖြစ်ပြီး၊ CNN, MTV, Star Movies အစရှိသော နာမည်ကျော် ရုပ်သံလိုင်းများ ပါဝင်မည် ဖြစ်သည်။ အဆိုပါ ရုပ်သံ လိုင်းများ ထုတ်လွှင့် ပြသခွင့်ကို ရွှေသံလွင် ကုမ္ပဏီက ထိုင်းနိုင်ငံရှိ ရုပ်သံလိုင်း အေဂျင်စီများ ထံမှတစ်ဆင့် ဝယ်ယူ ထားခြင်း ဖြစ်ပြီး၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက် မှာ မူရင်း နည်းပညာ အတွက် လိုအပ်သော အိုင်စီတီဆိုင်ရာ အခြေခံ အဆောက် အအုံဖြစ်သည့် Infrastructure ပိုင်းကို ပံ့ပိုး ထားခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ ထံမှ သတင်း ရရှိ ပါသည်။
၂၉ . ၇ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment