
သဘော တူညီချက်များ အရ အိန္ဒိယ အစိုးရပိုင် သွင်းကုန် ထုတ်ကုန် ဘဏ်မှ မြန်မာနိုင်ငံ အတွင်း မီးရထားလမ်း ဆိုင်ရာ ပစ္စည်းများ ၀ယ်ယူ နိုင်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၆၀ ချေးငှားရန် သဘော တူညီ ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရာဇ၀တ်မှုများ ပူးပေါင်း နှိမ်နင်းရေး အတွက် သဘောတူ စာချုပ်ကို ပြည်ထဲရေး ၀န်ကြီး ပီချီဒမ်ဘရမ်နှင့် နိုင်ငံခြားရေး ၀န်ကြိး ဦးဥာဏ်ဝင်းတို့က လက်မှတ် ရေးထိုးပြီး ပြည်ပ ရေးရာ ၀န်ကြီး အက်စ်အမ် ခရစ်ရှ်နာနှင့် အမျိုးသား စီမံကိန်းနှင့် စီးပွား ဖွံ့ဖြိုးတိုး တတ်မှု ၀န်ကြီး ဦးစိုးသာတို့က အသေးစား ဖွံ့ဖြိုးမှု စီမံကိန်းများ အတွက် အိန္ဒိယ အစိုးရက အထောက် အပံ့ ပေးရန် ကိစ္စကို လက်မှတ် ရေးထိုးခဲ့ ကြပါသည်။
သိပ္ပံနှင့် နည်းပညာ နယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်ရန် အတွက် သိပ္ပံနှင့် နည်းပညာ ဌာန အတွင်းဝန် တီရာမာ ဆာမိနှင့် မြန်မာ သံအမတ်ကြီး ဦးကြည်သိန်းတို့ လက်မှတ် ရေးထိုးခဲ့ကြ ပါသည်။ ထို့အပြင် ပုဂံ အာနန္ဒာဘုရား ထိန်းသိမ်း စောင့်ရှောက်ရေး နှင့် မွမ်းမံ ပြုပြင်ရေး တို့အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ စာချွန်လွှာ၊ အိုအင်ဂျီစီနှင့် ဂေးလ် ရေနံ ကုမ္ပဏီများ၏ မြန်မာ့ ကမ်းလွန် ရေနံလုပ်ကွက် အေ၀မ်းနှင့် အေသရီး တို့တွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်ခွင့်၊ တယ်လီကွန်း ဆက်သွယ်မှုတွင် မိုရေးနှင့် မန္တလေး အကြား မိုက်ခရိုဝေ့ဗ် ဆက်သွယ်မှုကို အဆင့် မြင့်နိုင်ရန် အိန္ဒိယနိုင်ငံက ဒေါ်လာ ၆ သန်း ချေးငှားရန်၊ တာတာ ကုမ္ပဏီိက မကွေးတွင် ထရပ်ကား ထုတ်လုပ်ရန် စီမံကိန်းကို ကျေနပ် အားရပြီး ကျန်ကုမ္ပဏီများ အလားတူ မြုတ်နှံရေးကို အားပေး သွားရန်၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိုလည်း တစ်နှစ် ဒေါ်လာ တစ်ဘီလီယံကျော် အထိ တိုးမြှင့်သွားရန်၊ နှစ်နိုင်ငံ ဘဏ်များ အကြား တိုက်ရိုက် ဘဏ်ချင်း ဆက်သွယ် ဆောင်ရွက် ခြင်းဖြင့် နယ်စပ် ကုန်သွယ်ရေးကို အထောက် အကူ ပြုစေရန် တို့ကိုလည်း သဘောတူ ခဲ့ကြသည်ဟု သိရှိ ရသည်။
၂၉ . ၇ . ၂၀၁၀
|

0 comments:
Post a Comment