Navigation - link to other main sections from here


ပါတီကိုယ်စားလှယ်လောင်း တစ်ဦးအား စည်းကမ်း ဖောက်၍ ပါတီမှ ထုတ်ပယ်


မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီမှ ပါတီ အတွက် မြောက်ဥက္ကလာပ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် လောင်း တစ်ဦးမှာ ပါတီဝင် များ၏ စည်းကမ်း များနှင့် မကိုက်ညီဘဲ ပါတီအား အလွဲသုံးစား ပြုလုပ် နေသည် ဆိုကာ ပါတီဝင် အဖြစ်မှ ထုတ်ပယ် လိုက်ကြောင်း အဆိုပါ ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဝေက ဇူလိုင် ၂၅ ရက် က ပြောသည်။ “ သူက အလုပ် ခေါ်စာတွေ ရေးတယ်။ အထွေထွေ အတိုင်ပင်ခံ လုပ်ငန်း ပုံစံမျိုး တကယ် အလုပ် မပေးနိုင်ဘဲ ကလေး တွေကို ခေါ်တယ်။ ပါတီ စာရွက် စာတမ်း တွေကို ပြပြီး အလွဲသုံးစား လုပ်တယ်။ ဒါကြောင့် ဆိုင်းဘုတ် ဖြုတ်ပြီး ရုံခန်း ပိတ်မယ်။ CEC အဖွဲ့က ဆုံးဖြတ် ပြီးပြီ” ဟု ဦးနေမျိုးဝေ က ပြောသည်။ ယခုထုတ်ပယ် လိုက်သော လွှတ်တော် ကိုယ်စားလှယ်လောင်း မှာ မတူ ကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ ၏ မြောက်ဥက္ကလာပ ပါတီ ရုံးခွဲမှ မြို့နယ် လုပ်ငန်း အဖွဲ့ စီမံခန့်ခွဲရေးမှူး ဖြစ်ကြောင်း ၄င်းက ပြောသည်။ “ ပါတီဝင် တွေက ရိုးရိုးသားသား မပူးပေါင်းဘဲ ကလိန် ကကျစ် ပူးပေါင်း လာကြတာ များတယ်။ ပါတီတွေ အားလုံးလည်း အဖွဲ့ဝင် တွေကို သေချာ စိစစ် ကိုင်တွယ်ဖို့ လိုပါတယ်” ဟု ဦနေမျိုးဝေက ဆက်ပြောသည်။

မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ ရုံးချုပ်မှာ ထောက်ကြန့် မြို့နယ်တွင် တည်ရှိပြီး ဧရာဝတီတိုင်းရှိ ဘိုကလေး၊ ရန်ကုန်တိုင်းရှိ မြောက်ဥက္ကလာပ နှင့် ကြည့်မြင်တိုင မြို့နယ် တို့တွင် ပါတီ ရုံးခွဲများ ဖွင့်လှစ်ထား ရှိရာမှ ယခု မြောက်ဥက္ကလာပ ရုံးခွဲအား ဖျက်သိမ်း တော့မည်ဟု ဆိုသည်။ “သောကြာနေ့ (ဇူလိုင်လ ၂၃) ကတည်းက သူ့ကို ခေါ်နေတာ။ ဟိုရက်ရွှေ့၊ ဒီရက်ရွှေ့နဲ့ လုပ်နေတယ်။ တနင်္ဂနွေနေ့ (ဇူလိုင်လ ၂၅) က ပဲ ဆုံးဖြတ် လိုက်ပြီ။ ဒီနေ့ ရက်စွဲနဲ့ စာထုတ် လိုက်ပြီ”ဟု ၄င်းက ဇူလိုင် ၂၆ ရက်တွင် ထပ်မံ ပြောသည်။ အဆိုပါ ပါတီမှ မြောက်ဥက္ကလာပ မြို့နယ် လုပ်ငန်း အဖွဲ့ စီမံခန့်ခွဲရေးမှူး အား ပါတီဝင် အဖြစ်မှ ရပ်စဲသည့် စာအား ရွေးကောက်ပွဲ ကော်မရှင် မြို့နယ်၊ ခရိုင်၊ တိုင်းရုံး များသို့ စာပေးပို့ သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ယခုကဲ့သို့ ပါတီမှ ထုတ်ပယ် ရပ်စဲခြင်းကို ကာယကံရှင်အား ဆက်သွယ် မရ၍ ပါတီက အကြောင်းမကြားရ သေးကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြ ထားသည်။

၂၉. ၇ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats