
ရွှေတိဂုံ ရင်ပြင်တော်ရှိ ဘာသာရေး အသင်း များမှ အသင်းဝင်၊ အသင်းသားများ မှတ်ပုံတင် ပြုလုပ် ရမည် ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ သိရသည်။ အသင်းဝင် လိုသော သူများမှာ ယခင်က အသင်းဝင် ဖောင်ကိုသာ ဖြည့်စွက် ၍ ဝင်ကြေး ပေးဆောင် ရပြီး ယခုအခါတွင် နေရပ်လိပ်စာ၊ မှတ်ပုံတင် မိတ္တူ၊ ကိုယ်ရေး ရာဇဝင်၊ ဓါတ်ပုံ ၂ ပုံကို ပေး၍ မှတ်ပုံတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ “ ဒီလို အသင်းသား၊ အသင်းသူ တွေရဲ့ မှတ်တမ်းကို ယူရတာ က အသင်းတွေ အနေနဲ့ ကိုယ့် အသင်းရဲ့ အသင်းသား၊ အသင်းသူ တွေကို တာဝန်ယူ နိုင်အောင် ဘုရားကြီးရဲ့ ပစ္စည်းလုံခြုံမှု ရှိအောင် ပြုလုပ်တယ် ” ဟု ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။
“ ဒီအသင်း မှာ အသင်းဝင် ထားတဲ့ သူတွေကို အမှတ်အသား ကတ်ပြား ပေးထားမယ်။ အသင်းသား တွေပဲ အသင်းရဲ့ တာဝန်တွေ ကို လုပ်ဆောင်ခွင့် ရမယ်။ အသင်း မဝင် ထားတဲ့ သူတွေက အသင်းရဲ့ တာဝန်ကို လာရောက် လုပ်ဆောင် မယ်ဆိုရင် ဧည့်ကတ်နဲ့ လုပ်သွားရမယ် ” ဟု ရွှေတိဂုံ စေတီရှိ ဘာသာရေး အသင်း တစ်သင်းမှ သိရသည်။ ရွှေတိဂုံ စေတီ ဂေါပကရုံး မှ အသင်းဝင် ၅၀ အထက် ရှိသော အသင်းများ ကိုသာ မှတ်ပုံတင် ချထား ပေးပြီး လက်ရှိ ဘာသာ ရေးအသင်း ပေါင်း ၇၀ ရှိပြီး ၆၅ သင်းမှာ ရွှေတိဂုံ စေတီ ဂေါပကရုံးမှ မှတ်ပုံတင် ချပေးထားကြောင်း သိရှိရသည်။
၂၈ . ၇ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment