Navigation - link to other main sections from here


နေပြည်တော် နှင့် ရန်ကုန် သုံးနာရီ ကြာမည့် အမြန် ရထားလမ်း စီမံကိန်း ဆောင်ရွက်မည်


နေပြည်တော် နှင့် ရန်ကုန် ခရီးကို သုံးနာရီသာ ပြေးဆွဲ ရမည့် အမြန် ရထားလမ်း စီမံကိန်းကို စတင် တော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ယင်း ရထားလမ်းကို တရုတ် နိုင်ငံ နှင့် ပူးပေါင်း တည်ဆောက်မည် ဖြစ်၍ လမ်းမိုင် အရှည်မှာ ၂၂၆ မိုင်ခန့် ရှိမည် ဖြစ်ကြောင်း သိရသည်။ ယင်း ရထား လမ်းသည် ရန်ကုန်မှ ပျဉ်းမနား ရေဆင်း အကျော် ထိဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ပြီးစီးရန် ရည်ရွယ် ထားပြီး ရန်ကုန် - နေပြည်တော်ကို သုံးနာရီ ခရီး ကြာမြင့်မည် ဖြစ်သည်။ မြန်မာနိုင်ငံ တွင် လာမည့် ၂၀၁၃ ခုနှစ်တွင် ဆီးဂိမ်း ပြိုင်ပွဲကို အိမ်ရှင် နိုင်ငံ အဖြစ် နေပြည်တော်၌ လက်ခံ ကျင်းပ မည်ဖြစ်ရာ အမြန်ရထားလမ်း ပေါ်ပေါက် လာပါက သွားလာရေး အလွန် အဆင်ပြေ မည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောဆို သည်။ ယင်း မြန်နှုန်းမြင့် ရထားလမ်းကို လျှပ်စစ်ဖြင့် ဆောင်ရွက် နိုင်ကြောင်း၊ သို့သော် အတိ အကျ မသိရသေးကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၏ အရာထမ်း တစ်ဦးက ပြောကြား ခဲ့သည်ဟု ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် လည်း ဖော်ပြ ထားသည်။



၂၈ . ၇ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats