Navigation - link to other main sections from here


ဆိုမာလီ ပင်လယ် ဓါးပြများ လက်မှ မြန်မာ သင်္ဘောသား ၂၁ ဦး ပြန်လည် လွတ်မြောက်လာ


ဆိုမာလီ ပင်လယ် ဓားပြများက လေးလ ကျော်ကြာ ထိန်းသိမ်း ထားခဲ့သော မြန်မာ သင်္ဘောသား ၂၁ ဦး သည် အင်္ဂါနေ့က ပြန် လည် လွတ်မြောက် လာကြပြီ ဖြစ်ကြောင်း စင်ကာပူ အခြေစိုက် သက်ဆိုင်ရာ သင်္ဘော ကုမ္ပဏီ ဖြစ်သော နောတစ် တန့်ခ်မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရှိ ရပါသည်။ သင်္ဘောသား အားလုံးမှာ ကျန်း မာရေး ကောင်း ကောင်း မွန်မွန် ရှိကြ ကြောင်းနှင့် သူတို့၏ မိသားစုများနှင့် အမြန်ဆုံး တွေ့ရအောင် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အပြင် ယခု အခါ သူတို့ အားလုံး သင်္ဘောပေါ်တွင် ရှိနေ ကြကြောင်းဖြင့် ယင်း တာဝန်ရှိသူ၊ အက်ဒ်ဝ်အိုင်ရွန်က ပြောကြား သည်။ ယင်း ကုမ္ပဏီပိုင် ယူဘီတီ အိုးရှင်း သင်္ဘောမှာ လွန်ခဲ့သော မတ်လ ၅ ရက်နေ့က ယူအေအီး နိုင်ငံမှ တန်ဇန်းနီးယား နိုင်ငံသို့ အသွား အိန္ဒိယ သမုဒ္ဒရာ အတွင်း မာဒါဂတ်စတာ ကမ်းရိုးတန်းတွင် ခုတ်မောင်း နေစဉ် ပြန်ပေးဆွဲ ခံရခြင်း ဖြစ်ပါ သည်။

နော်ဝေး နိုင်ငံပိုင် ဖြစ်သော ယင်းသင်္ဘော လွတ်မြောက် လာရေး အတွက် ပင်လယ် ဓားပြများအား ငွေမည်မျှ ပေးခဲ့ ရကြောင်း သင်္ဘော ကုမ္ပဏီက ပြောကြားခြင်း မရှိသော်လည်း ပင်လယ် ဓားပြ များက ရိုက်တာ သတင်း ဌာနသို့ ပြောကြား ရာတွင် သူတို့ အနေဖြင့် ပြန်ပေးငွေ ဒေါ်လာ သုံးသန်း ရရှိပြီး ပြန်လွှတ် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ပင်လယ် ဓားပြ များက အခြားသော လောင်စာဆီတင် သင်္ဘော တစ်စီး ကိုလည်း ဒေါ်လာ လေးသန်းဖြင့် ရွေးယူ စေပြီး ယနေ့ပင် ပြန်လွှတ် ခဲ့ကြောင်း ပြောဆိုသည်။ လွတ်မြောက် လာသော မြန်မာ သင်္ဘောသား တို့အတွက် ရသင့် ရထိုက်သော ခံစားခွင့် များကို ကုမ္ပဏီက ပေးမပေး နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မိသားစုများက စိုးရိမ် နေကြကြောင်း သိရသည်။


၂၄ . ၇ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats