Navigation - link to other main sections from here


ကဗျာဆရာ စောဝေ သရော်စာ စာအုပ် နှင့် ဝတ္ထုတို ပေါင်းချုပ် စာအုပ် ထုတ်မည်


(၁၉၈ဝ) ကျော် ကာလ များက မဂ္ဂဇင်း များတွင် ဝတ္ထုတို ရေးသား ခြင်းဖြင့် စာပေ လောကသို့ ဝင်ရောက် လာသော ကဗျာဆရာ စောဝေသည် (၂ဝ၁ဝ) ခုနှစ် အတွင်း ချစ်စဖွယ် သရော်စာများ နှင့် မဂ္ဂဇင်း ဝတ္ထုတို များကို လုံးချင်း အဖြစ် ထုတ်ဝေ တော့မည် ဟု ကဗျာဆရာ စောဝေက ပြောဆိုကြောင်း သတင်း ရရှိသည်။ '' သရော်စာ စာအုပ် ကတော့ စိတ်ကူး ချိုချို စာအုပ်တိုက်က ထွက်မှာပါ။ ကျွန်တော် ဂျာနယ် တွေမှာ ရေးခဲ့တဲ့ သရော် စာတွေက စုထုတ် တာပါ'' ဟု ဆိုသည်။ ''ဝတ္ထုတို ပေါင်းချုပ် ကတော့ စာပေလောက ကနေ ထုတ်မှာပါ။ အခု ကျွန်တော် ရေးခဲ့ တာတွေကို ကျွန်တော် ကိုယ်တိုင် စိစစ် နေပါတယ်။(၁၉၈၄) လောက် ကတည်းက ကျွန်တော်က စာပေ လုပ်သား မဂ္ဂဇင်း ရေးခဲ့ ပါတယ်။ နောက်ပိုင်း မှာတော့ ကျွန်တော် ကဗျာကို ပိုရေးဖြစ် ပါတယ်'' ဟု ကဗျာဆရာစောဝေ မှ လျှပ်တစ်ပြက်သို့ အတည်ပြု ပြောဆိုကြောင်း လျှပ်တပြက် ဂျာနယ် တွင် ဖော်ပြ ထားသည် ကို တွေ့ရှိ ရသည် ။

ကဗျာဆရာစောဝေ သည် ဖြူး မှ မိတ်ဆွေများ စာကြည့် အသင်း ကို ထူထောင်သူ များတွင် ပါဝင်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာကာ HIV/AIDS ကူးစက် ခံရတဲ့ မိဘမဲ့ ကလေးများ အတွက် ရန်ပုံငွေ ရှာဖွေ ပေးတဲ့ အဖြူရောင် သက်တန့် အဖွဲ့ကို ဦးဆောင်ပြီး စာပေ အနုပညာ နှင့် ပတ်သက်သော အလုပ် များကို လုပ်ဆောင် နေသူ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ် ဂျာနယ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဝေဖန်တယ် ဆိုတဲ့ စွဲဆို ချက်နဲ့ ထောင်ဒဏ် နှစ်နှစ် အပြစ်ပေး ခံခဲ့ ရပြီး ၂၀၁၀ ခုနှစ် မေလ (၂၆) ရက်နေ့က ရမည်းသင်း ထောင် ကနေ ပြန်လည် လွတ်မြောက် လာကာ ယခု ရန်ကုန်မြို့၊ ရွှေဂုံတိုင် လမ်းမ ပေါ်တွင် အဓိပတိ ထမင်းဆိုင် ဖွင့်လှစ် ထားပြီး မိသားစု နှင့် အတူ နေထိုင်လျက် ရှိသည်။

ကဗျာ ဆရာ စောဝေ သည် ၂၀၀၉ ခုနှစ်တွင် ဖိနှိပ်မှုကြား ကနေ မိမိ အမြင်ကို ရဲရဲ ရင့်ရင့် ဖော်ထုတ်သူ အဖြစ် အမေရိကန် အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ ကနေ Hellman / Hammett ဆုကို အပ်နှင်း ခံခဲ့ရသူ တစ်ဦး ဖြစ်သည်။


၂၄ . ၇ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats