
မြောက် ကိုရီးယား နှင့် မြန်မာ နိုင်ငံတို့ သည် ၂၀၀၇ ခုနှစ်တွင် သံတမန် ဆက်ဆံရေး ပြန်လည် စတင် ခဲ့သည်။ မြောက်ကိုရီးယား ၀န်ကြီး သည် ယခု အခါ နိုင်ငံတကာ လုံခြုံရေး အစည်း အဝေး ဖြစ်သော အေအာအက်ဖ် ညီလာခံသို့ တက်ရောက်လျက် ရှိရာ အစည်း အဝေး အတွင်း သဘာပတိ အစီရင်ခံ စာတွင် တောင်ကိုရီးယား သင်္ဘော နစ်မြုပ်မှုကို စိုးရိမ် ပူပန်ကြောင်း ဖော်ပြထားသော် လည်း မည်သူ့ကိုမှ အပြစ်တင် ဖော်ပြထားခြင်း မရှိပေ။ အလားတူ ဇူလိုင်လ ၉ ရက် နေ့က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အစီရင် ခံစာတွင် တောင်ကိုရီးယား သင်္ဘော တိုက်ခိုက် ခံရမှုကို ရှုတ်ချထားသော် လည်း မည်သူက တိုက်ခိုက် ခဲ့သည်ကို ဖော်ပြထားခြင်း မရှိပါ။ ယင်း အစီရင်ခံစာ အပြီးတွင် မြောက် ကိုရီးယားက ခြောက်နိုင်ငံ နျူကလိယား လက်နက် ဖျက်သိမ်းရေး ဆွေးနွေး ပွဲသို့ ပြန်လည် တက်ရောက်ရန် မူအားဖြင့် သဘော တူကြောင်း ပြောကြား ခဲ့သည်။ သို့သော် တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့ကမူ အနုမြူ အစီအစဉ်များ ဖျက်သိမ်း ပါမည် ဟူသော အခိုင်အမာ ကတိမျိုး ပေးပြီး ရန်စမှုများ ကိုလည်း ရပ်စဲပါမှ ဆွေးနွေး ပွဲများ စနိုင်လိမ့် မည်ဟု ဆိုထားသည်။
၂၄ . ၇ . ၂၀၁၀
|

0 comments:
Post a Comment