
စက်မှု (၁) ဝန်ကြီး ဌာန လက်အောက်ရှိ ဒဂုန် အချိုရည် စက်ရုံအား ထူး ထရိတ်ဒင်း ကုမ္ပဏီ မှ တင်ဒါ စနစ်ဖြင့် လေလံ ခေါ်ယူမှု တွင် လုပ်ကိုင်ခွင့် ရရှိ ခဲ့ကြောင်း ထူးထရိတ်ဒင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ စမ်းချောင်း မြို့နယ် ဦးဝိစာရ လမ်းပေါ်မှာ ရှိတဲ့ ဒဂုန် အချိုရည် စက်ရုံကို လေလံ စနစ်နဲ့ လုပ်ကိုင်ခွင့် ရရှိတာပါဟု အထက်ပါ တာဝန် ရှိသူက ပြောဆိုသည်။ ဒဂုန် အချိုရည် စက်ရုံအား လုပ်ကိုင်ခွင့် ရရှိ ပြီးနောက် ထူးထရိတ်ဒင်း ကုမ္ပဏီက ယင်း စက်ရုံမှ ထုတ်လုပ်မည့် ကုန် ပစ္စည်းများ နှင့် ပတ်သက်၍ ဒါရိုက်တာ အဖွဲ့က စီစဉ် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။ အရင် စက်ရုံက ရေသန့် နှင့် ရေခဲသာ ထုတ်လုပ် ရောင်းချ နေတာပါ။ ထူး ထရိတ်ဒင်း ကုမ္ပဏီ အနေနဲ့ ရေသန့် အပြင် အချိုရည် ထုတ်ကုန်သစ် ထပ်မံ ထုတ်လုပ် ဖြစ်မ ဖြစ်ဆိုတာ ဒါရိုက်တာ အဖွဲ့များ စီမံကိန်းချ ဆောင်ရွက်ဆဲ ဖြစ်ပါတယ်လို့ အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြ ပြောဆိုသည်။ စမ်းချောင်းမြို့နယ် ဦးဝိစာရ လမ်းပေါ်ရှိ ယခင် စက်မှု (၁) ဝန်ကြီး ဌာန ပိုင် ဒဂုန်အချို ရည် စက်ရုံတွင် ဒဂုန်သောက် ရေသန့် နှင့် ရေသန့် ရေခဲ များသာ ထုတ်လုပ် ရောင်းချလျက် ရှိပြီး၊ အဆိုပါ စက်ရုံဝင်း အတွင်း ၌ လွယ်ဟိန်း ကုမ္ပဏီမှ စက်ရုံ၏ တစ်ဘက် အခြမ်းတွင် Great Myanmar Co., Ltd အမည်ဖြင့် ဖန်တက်စီ (Fantasy) လိမ္မော်၊ စပါကလင်၊ ဆိုဒါ၊ လိုက်ချီး နှင့် စပေါ့ပလပ်စ် အချိုရည် များကို အလူမီနီယံ သံဗူး နှင့် ထုတ်လုပ် ဖြန့်ချိ ရောင်းချလျက် ရှိသည်။
၂၀ . ၇ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment