
တစ်ဘက်တွင် မဲဆောက် နှင့် မြ၀တီကြား ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားကို ဇူလိုင်လ ၁၂ ရက် နေ့ကတည်းက ပိတ်ထားခဲ့ ကြောင်း သိရသည်။ ဤ အတော အတွင်း ထိုင်း ဒုတိယ ကုန်သွယ်ရေး ၀န်ကြီး အလောင်ခွန် ပွန်လာဘုက မြစ်ကမ်းပါး ကာကွယ်ရေး တည်ဆောက်မှုမှ ဖြစ်ပေါ်သော အထင် အမြင် လွဲမှား စေမှုကြောင့် နယ်စပ် ပိတ်ထားကာ ကုန်သွယ်မှုကို ထိခိုက်ခြင်း မှာ မဖြစ် သင့်ကြောင်း၊ ယင်းမှာ ယခု ကိစ္စတွင် ပါဝင် ပတ်သက် သူများ ပေါ့ဆ မှုကြောင့် ဖြစ်ပွား ရခြင်း ဖြစ်ကြောင်း၊ အခြေခံ အားဖြင့် မည်သည့် ဆောက်လုပ်ရေး စီမံကိန်း မဆို နှစ်နိုင်ငံ နယ်စပ် ကော်မတီများ၏ ညှိနှိုင်း ဆွေးနွေး အတည် ပြုချက် ရပြီးမှ လုပ်သင့်ကြောင်း သူက ပြောကြား သည်။ သူက ဆက်လက်ပြီး မကြာမီ သူ မြန်မာ နိုင်ငံသို့ သွားပြီး မြန်မာ တာဝန် ရှိသူ များနှင့် နားလည်မှု ရရှိရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။ ထိုင်း အစိုးရသည် မဲဆောက် မြ၀တီ နယ်စပ်တွင် အထူး စီးပွားရေးဇုံ ထူထောင်ရန် စီမံကိန်း ရေးဆွဲထားပြီး နယ်စပ် ကုန်သွယ် မှုမှာ တစ်နှစ်လျှင် ဘတ်သန်း ၁၄၀ ခန့် ရှိသည်ဟု ဆိုသည်။
၂၁ . ၇ . ၂၀၁၀
|

0 comments:
Post a Comment