
''၀က်တွေ ရောဂါ ဖြစ်တာ ဘာ ရောဂါလဲတော့ ကျွန်တော်တို့ မသိ ပါဘူး။ ဒီနှစ်ထဲမှာ လူတွေ လူတိုင်း နီးပါးပဲ ဂျပန် တုပ်ကွေး ချီကင်ကာညာ ဖြစ်ကြတယ်။ ၀က် တွေကို ဆက်ကူး သွားတယ် ထင်တာပဲ။ ၀က် တွေရဲ့ ရောဂါ လက္ခဏာ ကလဲ လူတွေရဲ့ ချီကင်ကာညာ လက္ခဏာနဲ့ တူတယ်လေ။ ၀က် အတော် များများပဲ သေကုန် ပါပြီ။ တချို့ လူတွေက ၀က် နေမကောင်းဘူး ထင်တာနဲ့ အသားပေါ်ပြီး ရောင်းဖို့ ကြံစည် ကြတယ်။ ကျွန်တော် တို့က ခွင့် မပြုပါဘူး။ ချက်ချင်းပဲ မြှုပ်နှံခိုင်းပါတယ်''ဟု လမူးမော်စံပြကျေး ရွာမှ ရယက ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။
မော်စံပြ ကျေးရွာ အနီး ပတ်ဝန်း ကျင်ရှိ ဘူးရွှေမော်၊ လိပ်ကုန်းဘောင်၊ ပု တုန်းကိုင်း၊ ရကာကြီး၊ သူငယ်၊ ပဒါ စသည့် ရွာများရှိ ၀က်များ တွင်လည်း ယင်း ထူးဆန်း သည့် ရောဂါ တစ်မျိုး ဖြစ်ပွားလျက် ရှိသည်။ တောင်ကုတ် မြို့နယ် အတွင်း မအီမြို့မှ ကျေးရွာများ အပါအ၀င် ဒေသတွင်း ရွာများတွင် ယခင်ရှိပြီး မွေးမြူရေး ၀က်များ အပြင် မကွေးတိုင်း အတွင်းမှ မော်တော် ဆိုင်ကယ် များနှင့် လာရောက် ရောင်းချသော ၀က်သားပေါက် များကိုလည်း စီးပွားဖြစ်မွေး မြူကြကြောင်း၊ ၀က်ငယ် တစ်ကောင်လျှင် ကျပ် သုံးသောင်း ၀န်းကျင်ဈေး ရှိသည်။
သက်ဆိုင်ရာမှ ကွင်းဆင်း ကုသ ပေးခြင်း၊ ရှင်းလင်းခြင်း နှင့် အခြား လုပ်ငန်း အတွက် မတည်ငွေ ထုတ်ပေးခြင်း တို့ ပြုလုပ် ပေးလျှင် ကောင်းမည်ဟု မော်စံပြ ကျေးရွာ စာကြည့်တိုက်ေ က်ာမတီဝင် လူငယ်တစ်ဦး က ပြောသည်။ '' နယ်ရွာတွေနဲ့ မြို့ပေါ်က ၀က် တွေကို ၀ယ်ပြီးတော့ မြို့ပေါ်မှာ ခဏစု ထားတတ်တယ်။ မကြာ မကြာတော့ ဘင်္ဂလား နဒီဦး စက်ရုံ နေရာမှာ ထားတာ တွေ့ဖူး တယ်။ ရာသီ ဥတု ပူတဲ့ နေ့တွေ ဆိုရင် ကား ပေါ်တင်ပြီးတဲ့ ၀က်တွေကို မြို့စွန်က အများသုံး ရေကန် ဖြစ်တဲ့ ရဲနန္ဒာကန်မှာ ၀က်ရေ တိုက် ရေချိုး လုပ်တယ်။ ညဘက်ေ တွပေါ့။ ခုလို ၀က်တွေ နေမကောင်းဖြစ်နေတာ ရန်ကုန်ကိုလဲ ပို့ခွင့်မပြုသင့်ဘူး'' ဟု ရဲနန္ဒာကန် အနီးတွင် နေထိုင်သူ မထသ လိုင်းခွဲမှ ဦးချစ်မြတ်က ပြောကြားကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၂၀ . ၇ . ၂၀၁၀
|

0 comments:
Post a Comment