Navigation - link to other main sections from here


မြို့ ၅၀မှကိုယ်စားလှယ်လောင်းများအား NDF စည်းရုံးထား


လာမည့် ရွေးကောက် ပွဲတွင် ၀င်ရောက် အရွေး ခံရန် အတွက် မြို့နယ် ၅၀ မှ ကိုယ်စားလှယ် များကို ဆက်သွယ် ထားကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (အင်န်ဒီအက်ဖ်) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အင်န်ဒီအက်ဖ် ၏ အကြံပေးပုဂ္ဂိုလ် ဦးခင်မောင်ဆွေ က နိုင်ငံရေး သမားဟောင်းများ နှင့် မျက်နှာသစ် နိုင်ငံရေး သမားများက လာမည့် ရွေးကောက်ပွဲတွင် အင်န်ဒီအက်ဖ် ၏ အမိုးအောက်မှ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။ အင်န်ဒီအက်ဖ် သည် ယခု အချိန် အထိ မကွေး၊ မန္တလေး နှင့် ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း နှင့် မွန်ပြည်နယ်ရှိ မြို့ ၅၀ မှ ကိုယ် စားလှယ်လောင်း များအား ဆက်သွယ် စုဆောင်း ထားသည်။ "တကယ်လို့ မဲဆွယ် စည်းရုံးခွင့် ရလာရင် ကျွန်တော်တို့ ပါတီ အောက်မှာ ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ် လောင်းတွေ ပိုများလာ မယ်လို့ ကျွန်တော် ယုံကြည်တယ်"ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။

ဦးခင်မောင်ဆွေက ယခု ဆက်သွယ် ထားသည့် မြို့ ၅၀ မှ ကိုယ်စားလှယ် လောင်း အများ စုမှာ မှတ်ပုံတင်ကြေးကို ၎င်းတို့ ဘာသာ ပေးဆောင် မည်ဖြစ် ကြောင်း နှင့် ငွေကြေး အထောက် အပံ့ လိုအပ်သည့် ကိုယ်စားလှယ် လောင်းများကို ပါတီမှ ထောက်ပံ့ ပေးမည်ဖြစ် ကြောင်း ပြောကြားသည်။ လွန်ခဲ့သည့် လက မြန်မာတိုင်း(မ်) နှင့် တွေ့ဆုံ စဉ်တွင် အင်န်ဒီအက်ဖ် ၏ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက နိုင်ငံ တစ်ဝန်းရှိ မဲဆန္ဒနယ်များ တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ အတွက် ရန်ပုံငွေ လုံလောက်စွာ ရရှိ ရေးသည် အဓိက စိန်ခေါ်သည အချက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ "ကျွန်တော်တို့ အတွက် ရန်ပုံငွေဟာ သိပ် မရှိပါဘူး။ အဲဒါကြောင့် ကိုယ်စားလှယ် လောင်းတွေ အားလုံးကို ကျွန်တော်တို့ မကူညီနိုင် ပါဘူး။ သူတို့က သူတို့ ငွေနဲ့ မှတ်ပုံတင် တာတွေ၊ မဲဆွယ် တာတွေ လုပ်ကြရမှာ" ဟု ဒေါက်တာသန်းငြိမ်း က ပြောကြားသည်။

ကျေးလက် ဒေသမှ တခြား စိတ်ဝင် စားသည့် နိုင်ငံရေး သမား များက အင်န်ဒီအက်ဖ် သို့ ဆက်သွယ် မှုများ ရှိပြီး ပါတီက အဆိုပါ ဒေသ များသို့ သွားရောက်ကာ လုပ်ငန်းစဉ် နှင့် မူဝါဒ များကို ရှင်းလင်းကြောင်း ၎င်းက ပြောသည်။ ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၉ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ အား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံ တင်ခွင့် ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။


၂၀ . ၇ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats