
ပါတီအတွင်း ၀န်ကြီးချုပ်ဟောင်း များ၏ သမီးများ ပါဝင် နေသောကြောင့် တခြား နိုင်ငံရေး ပါတီ များထက် တစ်ပန်းသာ နေကြောင်း ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။ယခုနှစ် ရွေးကောက်ပွဲ ၀င်မည့် ဒီမို ကရက်တစ် ပါတီတွင် ၀န်ကြီး ချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု၊ ၀န်ကြီးချုပ်ဟောင်း ဦးဘဆွေ၏ သမီး ဒေါ်နေရီဘဆွေ နှင့် ဒုတိယ ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း ၏ သမီး ဒေါ်ချိုချိုကျော်ငြိမ်း တို့က အဆင့်မြင့် တာဝန်များ ယူထား ကြသည်။ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း မြန်မာနိုင်ငံကို အုပ်ချုပ် ခဲ့သည့် နိုင်ငံ့ခေါင်းဆောင် များ၏သ မီးများ ပါဝင် နေသောကြောင့် ပါတီအား လူအများ ပိုမို သိစေကြောင်း ၎င်းက ပြောကြားသည်။ "ဒီလို နိုင်ငံ့ ခေါင်းဆောင် တွေရဲ့သမီးတွေ ပါနေလို့ ကျွန်တော်တို့ မြို့ရွာတွေကို စည်းရုံးရေး ဆင်းရင် လူတွေက ကျွန်တော်တို့ ပါတီကို စိတ်ဝင်စား ကြတယ်" ဟု ဒုတိယ ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ ကိုယ်ရေး အတွင်းဝန်ဟောင်း ဖြစ်သူ ယခု လက်ရှိ ဒီမိုကရက် တစ်ပါတီ၏ ဥက္ကဋ္ဌ ဦးသုဝေ က ပြောကြားသည်။
ပြည်သူ များသည် နိုင်ငံရေးကို စိတ်ဝင်စားမူ မရှိ သကဲ့သို့ ရွေးကောက်ပွဲ တွင်လည်း မဲပေးကြမည်မ ဟုတ်ကြောင်း ပြောကြားချက် များကို ဦးသုဝေက ပယ်ချ လိုက်သည်။ " အစတုန်း ကတော့ လူတွေက တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတယ်။ ဒါ ပေမယ့် အခု လူတွေ ပိုပြီး စိတ်ဝင်စား လာကြတယ်" ဟု ၎င်းက ပြောသည်။ "မဲပေးမယ့် နှုန်းက အနည်းဆုံးတော့ ၁၉၉၀ ရွေးကောက်ပွဲလောက် ရှိလိမ့်မယ်။ မဲပေးမယ့်လူ များလေလေ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ အတွက် ကောင်းလေလေပဲ"ဟု ဦးသုဝေက ပြောကြားကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။
၂၀ . ၇ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment