
အင်းလေး ကန်တွင် ယခုနှစ် နွေရာသီ ရေခန်းခြောက် မှုကြောင့် ၅ ရက် တစ်ကြိမ် ကျင်းပနေကျ ရေပေါ် ဈေး ပြန်လည် ဖွင့်လှစ် ရောင်းချရန် ရေ အလုံ အလောက် မရရှိ သေးကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ နမ်ပန် (nampan) စားသောက်ဆိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ ဈေးကတော့ ဖြစ်နေတာပဲ။ ဒါပေမယ့် ခုထိ ရေမရောက် သေးတော့ ကုန်းပေါ်မှာပဲ ဈေးလုပ်နေရ တယ်။ ဈေးကို ပိတ်ထား တာမျိုး တော့ မဟုတ်ဘူးဟု ၄င်းက ဆိုပါတယ်။ လွန်ခဲ့ သည့် ၁၅ ရက်ခန့်မှ မိုးစတင် ရွာသွန်းမှု ရှိခဲ့သော်လည်း ရေ အလုံ အလောက် မရရှိသေး သဖြင့် လမ်းပန်း ဆက်သွယ်မှု များလည်း အဆင်ပြေ ချောမွေ့ခြင်း မရှိ သေးကြောင်း ဒေသခံ အချို့က ပြောဆိုသည်။ ပြီးခဲ့တဲ့ ၁၅ ရက်လောက်ကမှ မိုး စရွာတယ်။ မိုးဆက်တိုက် ရွာနေတာတော့ တစ်ပတ်လောက် ရှိပြီ။ ကန်ရေ နှစ်လက်မလောက် အထိတော့ တက်လာတယ်။ ခုချိန်မှာ သွားလာရ အဆင်မပြေ သေးတော့ ချောင်းတွေကို တစ်ပိုင် တစ်နိုင် တူးကြ ရတယ်ဟု အထက်ပါ တာဝန်ရှိ သူက ဆိုပါသည်။ အင်းလေးကန် တွင် ယခုနှစ် နွေရာသီ ရေခန်းခြောက် မှုကြောင့် ဧည့်သည် တချို့ လာ ရောက်နေဆဲ ဖြစ်သော်လည်း ရေပေါ်ဈေး သဘာဝ ပျက်သွား သဖြင့် ထိုဈေး နှင့် ပတ်သက်သော ရှုခင်း (sightseeing) ပြစရာ လျော့သွား ခဲ့ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောဆိုကြောင်း True News ဂျာနယ်တွင် ဖော်ပြထားသည်။
၇ . ၇ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment