Navigation - link to other main sections from here


ရန်ကုန် လေဆိပ်တွင် လေဆိပ်ခွန် ကောက်ခံမှု နိုင်ငံသားတို့ အတွက် ခြောက်ဆ တိုး


ရန်ကုန် လေဆိပ် မှ ထွက်ခွာမည့် ခရီးသည် များအား လေဆိပ်ခွန် ကောက်ခံ ရာတွင် နိုင်ငံသား ခရီးသည် တို့အတွက် ယခုအခါ လေဆိပ် ခွန်ကို ၅၀၀ ကျပ် ကောက်ခံ နေရာမှ ၃၀၀၀ ကျပ်သို့ ခြောက်ဆ တိုးမြှင့် ကောက်ခံ သွားမည် ဟု သိရသည်။ လေဆိပ်၏ ၀န်ဆောင်မှု လုပ်ငန်း များကို ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်သော အေးရှားဝေါလ် ကုမ္ပဏီက လွှဲပြောင်း ရယူ ပြီးသည့်နောက် ယခုကဲ့သို့ လေဆိပ်ခွန် တိုးမြှင့် ကောက်ခံရခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာက သတင်း မီဒီယာများသို့ ပြောကြား ပါသည်။ ၂၀၀၇ ခုနှစ်က တည်းက အေးရှားဝေါ ကုမ္ပဏီက တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း အထိ လက်ခံနိုင်ရန် လေဆိပ်ကို ပြုပြင် မွမ်းမံ တည်ဆောက်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင် များနှင့် လက်မှတ် ရေးထိုး သဘောတူ ထားသည့် အတိုင်း ယခုနှစ် ဇူလိုင်လ ၁ ရက် နေ့မှ စတင်ပြီး လေဆိပ် ၀န်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက် ပေးရန် လွှဲပြောင်း ရယူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အေးရှားဝေါလ် ကုမ္ပဏီသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် တွင်လည်း လေဆိပ်သစ် တစ်ခု ထပ်မံ တည်ဆောက်လုပ်ရန် ကန်ထရိုက် ရရှိထားသည်ဟု သိရှိရသည်။


၇ . ၇ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats