Navigation - link to other main sections from here


ရေကျောက်ဟုခေါ်သော မိုင်းရှူးကျောက်ထိုင်းဈေးကွက်တွင် တွေ့ရ


ရေကျောက်ဟု အမည် ပေးထားသော မိုင်းရှူးကျောက် တစ်မျိုး ထိုင်း ဈေးကွက် တွင် တွေ့လာရကြောင်း ကျောက်မျက် ပညာရှင် ဦးလှဝင်း (လေသူရဲ တစ်ဦး) က ဆိုသည်။ ဟို တစ်ခေါက်က ထိုင်း သွားတော့ မိုင်းရှူးက လာတဲ့ ရေကျောက် ဆိုပြီး ရောင်းချနေတာ တွေ့ရတယ်။ မိုင်းရှူး က ထွက်နေကျ ကျောက် တွေထက် အရည် အသွေး ပိုကောင်း တယ်။ မြန်မာ မှာတော့ အရင်က မတွေ့ဖူးဘူး ဟု ၄င်းက ပြောပြ သည်။ အဆိုပါ ရေကျောက် များသည် မိုင်းရှူးကျောက် ထုံးစံ အတိုင်း အရောင် အနည်းငယ် ညစ်သော် လည်း ရေတိုက်စား ထားသဖြင့် ကျောက်သား ပြောင်ချော နေပြီး အလုံး လှသည်ဟု ဆိုသည်။ ယင်း ရေကျောက် များကို မိုင်းရှူး ဘက်မှ ရေငုပ် တူးဖော် ရရှိကြောင်း ထိုင်း ဈေးကွက်၌ ရောင်းချသူ များက ဆို ကြောင်း သိရသည်။ မိုင်းရှူးကျောက် အများ စုမှာ ပင်ကိုရောင် ညစ်ပြီး လူတို့၏ ပြုပြင်ရန် လိုအပ်သည်။ ကျောက်သား မှာလည်း ကြေမွ လွယ်ပြီး အကောင်း အတိုင်း ရရှိရန် မလွယ်ကူပေ။ ယခု ဈေးကွက် အတွင်း တွေ့ရ သော မိုင်းရှူး ရေကျောက်မှာမူ ပြုပြင်ရန် လွယ်ကူပြီး ကျောက်သား ကြေမွမှု သိပ်မရှိ သည်ကို တွေ့ရ သည်။ ဈေးနှုန်း အားဖြင့် ယခင် မိုင်းရှူး ကျောက်များထက် သုံးဆခန့် ပိုမို ဈေးရလျက် ရှိသည်ဟု ကျောက်မျက် ပညာရှင် ဦးလှဝင်း (လေသူရဲတစ်ဦး) က ဆိုကြောင်း True News ဂျာနယ်တွင် ဖော်ပြထားသည်။


၇ . ၇ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats