Navigation - link to other main sections from here


သက်တမ်းလွန် ယာယီ နံပါတ် တပ်ဆင်သော ယာဉ်များ စီမံချက်ဖြင့် သိမ်းဆည်း တော့မည်


သက်တမ်းလွန် ယာယီ နံပါတ်များ တပ်ဆင်၍ မောင်းနှင် နေသော ယာဉ်များ တွေ့ရှိ နေ၍ သိမ်းဆည်း သည် အထိ အရေး ယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကြိုးမဲ့ နှင့် ကြေးနန်း ဌာနမှ တပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်ဦး က ပြောကြားသည်။ အဆိုပါ ယာယီ နံပါတ် သက်တမ်းလွန် ယာဉ်များအား ပထမ အကြိမ် တွေ့ရှိပါက ချလန်ဖြတ်ပြီး သတ်မှတ် ထားသည့် စီမံ ချက် ဒဏ်ငွေ ပေးဆောင် ရမည်ဖြစ်ကာ ထပ်မံ တွေ့ရှိ ရပါက ယာဉ်ကို သိမ်းဆည်းသည် အထိ အရေးယူသွား မည်ဖြစ် ကြောင်း သိရသည်။ “အမှန်တော့ ယာယီ နံပါတ်နဲ့ ယာဉ်တွေက မောင်းခွင့်ကို မရှိဘူး။ တချို့ဆိုသက် တမ်းကျော်တာ နှစ်ပေါက် နေပြီ။ ခွင့်ပြု သက်တမ်း ကာလကို ကျော်ပြီး မောင်းနေ ကြတာ တော်တော် များများ တွေ့လာရတဲ့ အတွက် အခုလို စီမံချက်နဲ့ကို ထိထိ ရောက်ရောက် အရေးယူ တာပါ” ဟုယင်းက ထပ်မံ ပြောသည်။ အခု သိမ်းဆည်း ခံရသော ယာဉ်များ အား သက်ဆိုင်ရာ ဇုန် ဥက္ကဋ္ဌ ကိုယ်တိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ သွားရောက်၍ သက်တမ်း တိုးရမည် ဖြစ်ကြောင်း သိရသည်။ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် စက်မှုဇုန်ထုတ် ယာဉ်များအား ယာယီ နံပါတ် ခွင့်ပြု ကာလ နှစ်လနှင့် လေလံ နံပါတ် ခွင့်ပြုကာလ သုံးလ သတ်မှတ် ထားကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။



၆ . ၇ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats