
ယခုနှစ် အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ နှင့် ဆက်နွှယ် နေသော နိုင်ငံရေး သတင်းများ နှင့် နိုင်ငံတကာ တွင် ဖြစ်ပွား နေသော စစ်ရေး၊ သဘာဝဘေး၊ စီးပွားရေး စသော ကိစ္စရပ် များကို ဦးစားပေး ဖော်ပြမည့် ဂျာနယ် သုံးစောင် ဇူလိုင်လ အတွင်း ထွက်ရှိ လာမည် ဖြစ်ကြောင်း သတင်း နှင့် စာနယ်ဇင်း လုပ်ကိုင်နေသူများက ပြောကြားသည်။ အသစ် ထွက်ရှိမည့် ဂျာနယ် သုံးစောင်မှာ ပြည်သူ့ ခေတ် ဂျာနယ်၊ Hot News နှင့် မော်ဒန် တိုင်းမ် ဂျာနယ် တို့ ဖြစ်ကြောင်း ဂျာနယ် လက်ကား အရောင်း ကိုယ်စားလှယ်ကြီး များထံမှ သိရှိရသည်။ ဇူလိုင်လ ပထမ ပတ်တွင် ထုတ်ဝေမည့် ပြည်သူ့ခေတ် သတင်း ဂျာနယ်တွင် နိုင်ငံ ရေး သတင်းများကို ဦးစားပေး ဖော်ပြသွားမည် ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပတွင် ဖြစ်ပွား နေသော နောက်ဆုံး သတင်းများကို ထည့်သွင်း သွားမည်ဟု ပြည်သူ့ခေတ် ဂျာနယ်မှ ဆရာ မောင်ဝံသက ပြောကြားသည်။ ဇူလိုင်လ တတိယ ပတ်တွင် စတင် ထုတ်ဝေမည့် Hot News ဂျာနယ် ၌ နိုင်ငံရေး သတင်းများ အပါအဝင် စာဖတ် ပရိသတ် စိတ်ဝင်စားမှု အရှိဆုံးသော သတင်းများကို ဦးစားပေး ဖော်ပြပေး သွားမည်ဟု အယ်ဒီတာချုပ် ဖြစ်သူ ဦးစောလင်းအောင်က ပြောကြားသည်။ ပြန်ကြားရေး ဝန်ကြီးဌာန စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာန၏ မတ်လအထိ စာရင်းများ အရ ထုတ်ဝေ ခွင့်ပြုထားသော ဂျာနယ်မျိုးစုံ ၁၅၃ စောင်ရှိပြီး ထုတ်ဝေ နေသော ဂျာနယ် မျိုးစုံမှာ ၁၃၂ စောင် ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
၆ . ၇ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment