
ထိုသို့ လွှတ်တော် သုံးရပ် စလုံးတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ၌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ကို အဓိက ယှဉ်ပြိုင် ရဖွယ် ရှိ ကြောင်း ဒေါ်နန်းရွှေကြာက ဆိုသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်သည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် များကို စိစစ် ခွင့်ပြုပေးလျက် ရှိရာ မေလ ၂၈ ရက်နေ့ အထိ နိုင်ငံရေးပါတီပေါင်း ၂၄ ခုကို မှတ်ပုံတင် ခွင့်ပြုထားခဲ့ပြီး ဖြစ်သည်။
ထို့ပြင် မှတ်ပုံ တင်ခွင့် ရရှိ ပြီးသော နိုင်ငံရေး ပါတီများက သတ်မှတ် ထားသည့် ပါတီဝင် အင်အား စာရင်း ကို ကော်မရှင်သို့ တင်ပြရန် ကြေညာချက် အမှတ် (၆၄ ။၂၀၁၀) ကို မေလ ၂၈ ရက်နေ့က ထုတ်ပြန် ခဲ့သည်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅(စ) နှင့် အညီ ပြည်ထောင်စု တစ်ဝန်း လုံးတွင် စည်းရုံးမည့် ပါတီ ဖြစ်ပါက နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် ခွင့်ပြုသည့် နေ့မှ စ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး ၁,၀၀၀ နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည် နယ် တစ်ခု အတွင်း၌သာ စည်းရုံးမည် ဆိုပါက မှတ်ပုံတင် ခွင့်ပြု သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး ၅၀၀ ကို ကော်မရှင်သို့ တင်ပြ ရမည် ဖြစ်သည်။ သတ်မှတ်ချက် အတိုင်း တင်ပြ ဆောင်ရွက် နိုင်ခြင်း မပြု နိုင်လျှင် ယင်း ပါတီအား နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင်ထား ခြင်းကို ပယ်ဖျက်၍ ပါတီ ကိုလည်း ဖျက်သိမ်း ရမည်ဟု နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ ပုဒ်မ ၁၂ တွင် ပြဌာန်း ထားပြီး ဖြစ်ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၈ . ၆ . ၂၀၁၀
|

0 comments:
Post a Comment