
မြန်မာနိုင်ငံ ပုဂ္ဂလိက ဘဏ်လောကတွင် နောက်ထပ် ဖွင့်ခွင့်ရ ဘဏ် လေးခုတို့ မကြာမီ ပေါ်ထွန်း လာမည် ဖြစ်ရာ ယခုအခါ အဆောက် အဦး၊ ၀န်ထမ်း နှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ၀န်ဆောင်မှု ပစ္စည်း ကိရိယာ တို့အတွက် စတင်ပြင်ဆင် လုပ်ကိုင် နေကြပြီ ဖြစ်သည်။ ယင်းဘဏ် လေးခုမှာ နှစ်လခန့် အတွင်း လုပ်ငန်းများ အပြီးသတ် ပြင်ဆင်ကာ သြဂုတ်လ ခန့်တွင် ဖွင့်လှစ်ဖွယ် ရှိသည်ဟု သိရသည်။ ဖွင့်လှစ်ခွင့် ရသော ပုဂ္ဂလိက ဘဏ် အသစ်များတွင် ထူးကုမ္ပဏီက အေးရှားဂရင်း ဘဏ်၊ မက်စ်မြန်မာ ကုမ္ပဏီက ဧရာဝတီဘဏ်၊ IGE ကုမ္ပဏီက အမရာဘဏ် နှင့် ဧဒင် အုပ်စု ကုမ္ပဏီက မြန်မာ ရှေ့ဆောင်ဘဏ် စသည် အမည်များဖြင့် ဘဏ်သစ်များ ဖွင့်လှစ် ကြမည် ဖြစ်ပါသည်။ ဈေးကွက် စီးပွားရေး ခေတ်တွင် ပြန်လည် တစ်ခေတ် ဆန်းလာသည့် ပုဂ္ဂလိက ဘဏ် လုပ်ငန်းတွင် ပထမဆုံး ကွန်ပြူတာဖြင့် ဘဏ်လုပ်ငန်း လုပ်ကိုင်ခြင်းကို ပထမ ပုဂ္ဂလိက ဘဏ်က စတင်ခဲ့ပြီး ရိုးမဘဏ် နှင့် အရှေ့တိုင်း ဘဏ် (MOB) တို့က ခရက်ဒစ်ကတ် စနစ်ကို စတင် သုံးစွဲ ခဲ့ကာ နောက်ပိုင်းတွင် မေဖလားဝါး၊ ပရိုင်းကော်မာရှယ်၊ အာရှဓနနှင့် ကမ္ဘောဇဘဏ် များကပါ လုပ်ကိုင် ဆောင်ရွက်ခဲ့ ကြသည်။ မေဖလားဝါးက အေတီအမ် ငွေထုတ်စက်ဖြင့် ငွေပေးသည့် စနစ်ကို သုံးစွဲခဲ့သည်။ ယခု ပေါ်ထွန်းလာမည့် ဘဏ်အသစ်များ အနေဖြင့် ချက်လက်မှတ်ထက် ငွေကြေးဖြင့် တိုက်ရိုက် အပေး အယူ လုပ်ကြသော မြန်မာ စီးပွား လောက အတွင်း ငွေအပေးအယူ ပိုမို လျှင်မြန် အဆင်ပြေရေး အတွက် မည်သို့ စီစဉ် ဆောင်ရွက် လာကြမည်ကို ဘဏ်များကို ဆက်သွယ် အသုံး ချနေရသူများက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိပါသည်။
၈ . ၆ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment