Navigation - link to other main sections from here


ခွဲခြား နှိမ့်ချသည့် အုပ်စုတွင် ဆရာဝန် အများဆုံး ပါဝင်


ခွဲခြား နှိမ့်ချသည့် အုပ်စုတွင် ဆရာဝန် အများဆုံး ပါဝင် ကြောင်း Marie Stopes International (Myanmar) မှ ဆရာဝန်ကြီး တစ်ဦးက ပြောသည်။ အထူး သဖြင့် အေ့စ် ရောဂါ ဝေဒနာ သည်များ အပေါ် ခွဲခြား ဆက်ဆံမှု များသည် ဆရာဝန် အုပ်စုများအ တွင်း အများဆုံး ဖြစ်သည်။ "ကျွန်တော် ပြောရင် စိတ်ဆိုးမယ်။ လက်အိတ် စွပ်ပြီး ကိုင်တာတို့၊ ငွေ နှစ်ဆ တောင်းတာတို့၊ မကိုင် ချင်တာတို့၊ မကုချင် တာတို့၊ ဆေးခန်းကို မလာစေချင် တာတို့ ဒီလို ခွဲခြား ဆက်ဆံ မှုမျိုးဟာ ဆရာဝန် အုပ်စုထဲ မှာ အများဆုံး ဖြစ်နေတယ်"ဟု ဆရာဝန်ကြီး က ဆက်ပြော သည်။ ခွဲခြား နှိမ့်ချမှုများ အဖြစ် မွေးဖွားမှု မှာပင် မွေးဖွား သည့်နေ့ အပေါ် လိုက်၍ ခွဲခြား နှိမ့်ချမှုများ ရှိနေပြီး ယင်းသို့ ခွဲခြား နှိမ့်ချ မှုများကြောင့် လူမှုရေး၊ စီးပွားရေး၊ ဆိုးကျိုးများ နှင့် ကျန်းမားရေး အတွက် ကုသ၍ မရမှုနှင့် ပြသ၍ မရမှုများကို ကုသမှု လောကတွင် အမြောက် အမြား ကြုံတွေ့နေကြ ရသည်။

"စေတနာ့ ၀န်ထမ်းတွေ ဆရာဝန်၊ ဆရာမ တွေနဲ့ NGO တွေ ပြည်တွင်းမှာ ဒီလို ရောဂါ သည်တွေ ကို ကိုင်တွယ် ပြုစု နေတာ မြင်တွေ့ နေရတာပဲ။ ဆရာဝန် တွေသာမက လူတွေနဲ့ တိရစ္ဆာန် တွေမှာ ပါရှိတဲ့ လက္ခဏာ တွေပါ"ဟု အထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောသည်။ ယခင်က အနာကြီး ရောဂါ သည်များ အပေါ် နှိမ့်ချ ခွဲခြား ဆက်ဆံ ခြင်းများ ရှိခဲ့ပြီး မထိချင် မကိုင်ချင်မှု များသည် ယနေ့ အထိ ရှိနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်း (မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။


၈ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats