Navigation - link to other main sections from here


မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် စာပို့ တံဆိပ် ခေါင်းသစ်


မြန်မာနိုင်ငံ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တို့၏ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်း အမှတ် ငွေကျပ် ၁၀ဝ တန် စာပို့ တံဆိပ် ခေါင်းသစ် တစ်မျိုးကို ဇွန် ၈ ရက်မှ စတင်ကာ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ထုတ်ဝေ ရောင်းချမည် ဖြစ်ကြောင်း ဇွန် ၁ ရက် ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသည်။ မြန်မာနိုင်ငံ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တို့၏ သံတမန် ဆက်ဆံရေး ကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက် နေ့တွင် စတင် ထူထောင် ခဲ့ပြီး ယခုနှစ် ၂၀၁၀ - ပြည့်နှစ် ဇွန် ၈ ရက်နေ့ တွင် သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့်နေ့ ဖြစ်သည်။

မြန်မာနိုင်ငံ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတို့၏ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်း အမှတ် မတိုင်မီ ဇွန် ၂ ရက်က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် မစ္စတာ ဝမ်းကြားပေါင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက် လည်ပတ် ခဲ့ပြီး ဇွန်လ ၃ ရက် နေ့ နံနက်ပိုင်းက နေပြည်တော်မှာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် သန်းရွှေ၊ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် တို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။

ထို့အပြင် မြန်မာနိုင်ငံ နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တို့၏ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်း အမှတ် အဖြစ်နဲ့ ဝန်ကြီးချုပ် နှစ်ဦး အပြန် အလှန် စကား ပြောဆို ခဲ့ကြပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ ရေအား လျှပ်စစ်စက်ရုံ နဲ့ တခြား အကူ အညီပေးရေး ဆိုင်ရာ ကိစ္စတွေ အပါအဝင် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ် ၁၅ ခု လက်မှတ် ရေးထိုးခဲ့ ကြပါတယ်။


၉ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats