Navigation - link to other main sections from here


အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ မှ ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ အထိမ်း အမှတ် လှုပ်ရှားမှု ပြုလုပ်


ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ် အဖြစ် အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ မှ ဦးဆောင်ပြီး မန္တလေးမြို့ နှင့် အနီး တဝိုက် အတွင်း အလိုတော်ပြည့် ဘုရား ပုံတော် တွေကို ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။ ထို လှုပ်ရှား မှုတွင် ပါဝင်သော အထက် ဗမာပြည် ကျောင်းသား သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုဝင်းသန်း က - “ကျွန်တော်တို့ ဒီနေ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ၆၅ နှစ်မြောက် မွေးနေ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ လှုပ်ရှားမှု တခု လုပ်ပါတယ်။ ပြည်သူတွေ လိုအင်ဆန္ဒ ပြည်ဝအောင် အလိုတော်ပြည့် ဘုရား ပုံတွေ ကုသိုလ် အဖြစ် ဝေတာပါ ပုံ (၃၀၀) ကျော် ဝေဖြစ် ပါတယ်။ မန္တလေးတောင် ၊ ရန်ကင်းတောင် ၊ စစ်ကိုင်းတောင်၊ မန်းတက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်၊ စတဲ့ နေရာတွေ မှာ ဝေဖြစ် ပါတယ်” ဟု ပြောသည်။

အမေစုနဲ့ တကွ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက် ပါစေ ပြည်သူတွေ ဆန္ဒ ပြည့်ဝကြ ပါစေ စတဲ့ စာတွေကို ဘုရားပုံတော် နောက်ကျောဘက် မှာ ရေးထားတဲ့ ပုံ (၁၀၀) လောက် နဲ့  စာသား မပါတဲ့ ပုံ (၂၀၀) ကျော် တို့ကို အဖွဲ့ဝင် လူငယ် (၂၀) လောက်ဟာ မန္တလေးမြို့ရှိ တက္ကသိုလ်များ နှင့် မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ ရန်ကင်းတောင် စသည် လူစည် ကားရာ နေရာ များတွင် သွားရောက် ဖြန့်ဝေ ခဲ့သည်။

“အကျဉ်းထောင် အသီးသီး မှာ အကျဉ်းကျ နေတဲ့ ကျွန်တော်တို့ ကျောင်းသား ခေါင်းဆောင်တွေ ၊ ရဲဘော် ရဲဘက်တွေ စတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် ဖို့ရယ် ပြည်သူတွေ လိုအင် ဆန္ဒ ပြည်ဝ ဖို့ရယ် စတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ခဲ့ တာပါ “ ဟု ကိုဝင်းသန်းက ဆက်လက် ပြောသည်။

၁၉၈၈ ခုနှစ် မဆလ စစ်အုပ်စု လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး အကျပ် တည်းဆုံး အခြေ အနေကို ရောက်ရှိ လာသဖြင့် ပြည်သူ လူထုမှ မခံ မရပ်နိုင် ဖြစ်ကာ အထွေထွ ဒီမိုကရေစီ လှုပ်ရှားမှုကြီး ဖြစ်ပေါ် ခဲ့သည်။ ထိုလှုပ်ရှား မှုတွင် ပြည်သူ လူထုနှင့် အတူ ပါဝင်ရန် အတွက် “အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ” ကို သခင်ထွန်း ဦးဆောင်သော မျိုးချစ် ပုဂ္ဂိုလ် များနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ မန္တလေးမြို့ မန္တလး တက္ကသိုလ် ဓမ္မာရုံ တွင် ၁၉၈၈ ခုနှစ် သြဂုတ်လ က စတင် ဖွဲ့စည်း ခဲ့သည်။ ယခု လက်ရှိတွင် အသင်းသား ၃၀၀၀ ခန့် ရှိနေသေးသည်။



၁၇ . ၆ . ၂၀၁၀ | ကောင်းမြတ်မင်း


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats