Navigation - link to other main sections from here


မီးလောင်ကျွမ်းပြီးသော အဆောက် အအုံ များကို အသစ် ပြန်လည် ဆောက်သင့်


မီးလောင် ကျွမ်းပြီးသော အဆောက် အအုံ များကို ပြုပြင် မွမ်းမံခြင်း ထက် အသစ် ပြန်လည် ဆောက်သင့် ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ သဘာဝဘေး အန္တရာယ်များ လျော့နည်း ကာကွယ်ရေး ကော်မတီ နှင့် မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြား သည်။ မီးလောင် ပြီးတဲ့ အဆောက် အအုံက မပြိုဘူး ဆိုရင် နေထိုင်ဖို့ သင့် မသင့်ကို ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ တွေနဲ့ မီးသတ် ဦးစီးဘက်က ကျွမ်းကျင်သူ တွေက သေချာစွာ စစ်ဆေး သင့်တယ်။ ဥပမာ- မီးလောင်တယ် ဘယ်လောက် ကြာသလဲ၊ မီးသင့်သွားတဲ့ နေရာတွေပါ စစ်ဆေး သင့်တယ်။ မီးလောင်ပြီးတဲ့ အဆောက် အအုံ တစ်ခုမှာ စစ်ဆေး မှုက အရေးကြီး ဆုံးပဲ။ အမှတ် မထင် တာလေး တစ်ခုကြောင့်လည်း ဆုံးရှုံး ပျက်စီး မှုတွေ ဖြစ်နိုင် တယ်။ ဖြစ်နိုင်ရင် အကောင်းဆုံး ကတော့ အသစ်ပြန် ဆောက်တာ အကောင်းဆုံး ပဲဟု ၄င်းက ဆိုသည်။

ဒါ့အပြင် အထပ်မြင့် ဟိုတယ်တွေ ဆောက်ရင် အကြံပြုချင် တာက ဝင်ပေါက် ထွက်ပေါက် တွေက လူတွေနဲ့ ဘယ်လောက် ကွာရမယ် ဆိုတာ သေချာ စစ်ဆေး ဆောက်သင့် တယ်။ ရေဆင်းပိုက်၊ ရေတက်ပိုက်တွေ ရှိရမယ်။ နောက်ပြီး အဆောက် အအုံ အနီး အနားမှာ ရေပိုက်ခေါင်း တစ်ခုရှိ ရမယ်။ ဒါမှ မီးသတ်ကားလာ ရင် ရေအဆင်ပြေ နိုင်မှာ ဖြစ်တယ်။ ဟိုတယ် အတွင်း ကွန်ဒိုအတွင်း၊ ကိုယ်နေအိမ် အတွင်းမှာ တစ်နိုင် တစ်ပိုင် မီးငြိမ်း နိုင်အောင် ပစ္စည်း ကိရိယာတွေ ထားရင် လုံခြုံမှု ရှိနိုင်မယ်။ အဓိက ကတော့ သတိရှိဖို့ နှင့် ဗဟုသုတ ရှိကြဖို့ လိုတယ်ဟု ၄င်းက ဆက်လက် ပြောပြသည်။ ၄င်းအပြင် အထပ်မြင့် တိုက်များ ဆောက်သည့် အခါ အပေါ်ဆုံးမှာ သံပိုက်တန်းတွေ ပါရမည် ဖြစ်ပြီး အဆိုပါ ပိုက်တန်း ပါရှိမှ သာလျှင် မီးသတ်သမားများ အလွယ်တကူ တက်နိုင်မည် ဖြစ်ကြောင်း ယခု လက်ရှိ မီးသတ် ဦးစီးဌာနက အထပ်မြင့် တိုက်များ၊ ဟိုတယ်များထဲမှ Trader ဟိုတယ်ကို သဘောကျ ကြောင်း ၄င်းမှ ပြောပြသည်။


၁၇ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats