Navigation - link to other main sections from here


အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် ဂျပန်နိုင်ငံမှ အကူအညီ ရရန် အလား အလာရှိ


အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SME) အတွက် ဂျပန် နိုင်ငံမှ အကူ အညီများ ရရန် အလား အလာ ရှိသည့် အတွက် မိမိ လုပ်ငန်း များကို ပြင်ဆင် ထားသင့် ကြောင်း မြန်မာ နိုင်ငံ ပုစွန် လုပ်ငန်း ရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဂျပန်နိုင်ငံ ကနေ SME အတွက် Promotion လုပ်တဲ့ အနေနဲ့ လုပ်ငန်း ရှင်သန် စေဖို့ လိုအပ်တဲ့ သင်တန်းများ Export လုပ်နိုင်သည် အထိ သင်တန်း များကို ပေးပို့ နိုင်ရန် ဂျပန် နိုင်ငံက ဆောင်ရွက် သွားမှာ ဖြစ်တယ်ဟု ၄င်းက ပြောသည်။ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် ဂျပန် နိုင်ငံ ရှိ အဖွဲ့ အစည်း တစ်ခုမှ ချေးငွေ ထုတ်ပေးရန် အစီအစဉ် ရှိသောကြောင့် ချေးငွေများ ရရှိပါက ရေရှည် ဖွံ့ဖြိုး တိုးတက်သည့် လုပ်ငန်းများ ဖြစ်စေရန် အရည် အချင်း ပြည့်မီရေး သင်တန်းများ ကို ပေးသွားမည် ဖြစ်သည်။ အဆိုပါ သင်တန်းကို မည်သည့် လုပ်ငန်းရှင်မျိုး မဆို တက်ရောက် နိုင်ပြီး ပိုင်ဆိုင်မှု ပြစရာ မလိုပေ။ SME လုပ်ငန်း ရှင်များ အနေ နှင့်လည်း ၂၀၁၀ အတွင်း အဆိုပါ ဂျပန်နိုင်ငံ မှ ထောက်ပံ့မည့် အထောက် အပံ့ ရရှိစေ နိုင်မည် ဖြစ်သောကြောင့် မိမိတို့၏ လုပ်ငန်း များကို တစ်ပိုင် တစ်နိုင် လုပ်ကိုင် နိုင်ရန် ပြင်ဆင် ထားသင့်ကြောင်း ပြောကြား သွားသည်။


၁၈ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats