Navigation - link to other main sections from here


မီးဘေး လုံခြုံရေး အတွက် ၃ ထပ် နှင့် အထက် အဆောက် အအုံ ဆောက်လုပ်ပါက မီးသတ် ဦးစီးရဲ့ ထောက်ခံချက် လိုအပ်


ရန်ကုန်မြို့တွင်း ၃ထပ် နှင့် အထက် အဆောက် အအုံများ ဆောက်လုပ်မည် ဆိုပါက မီးဘေး လုံခြုံရေး အတွက် မီးသတ် ဦးစီး ဌာန၏ ထောက်ခံချက် ရယူ ရတော့မည် ဖြစ်ကြောင်း မီးသတ် ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ ရန်ကုန် မြို့တွင်း မီးဘေး လုံခြုံရေး အတွက် သုံးထပ် နဲ့အထက် အဆောက် အအုံတွေ ဆောက်မယ်ဆို မီးသတ် ဦးစီးဌာနရဲ့ ထောက်ခံ ချက် ပါမှ ဆောက်လုပ်ခွင့် ပေးတော့မယ်။ အဆောက် အအုံတွေ ဆိုတာက ရန်ကုန်မြို့တွင်း မှာ ရှိတဲ့ ဈေးတွေနဲ့ အခြား အဆောက် အအုံတွေပါ အကုန်လုံး ပါဝင် ပါတယ်ဟု ၄င်းက ပြောပါ သည်။

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ်မည် ဆိုပါက မီးသတ် ဦးစီး ဌာန၏ မီးဘေး လုံခြုံရေး အတွက် ချမှတ် ထားသော စည်းမျဉ်း စည်းကမ်း များနှင့် အညီ ဆောက်လုပ် သွားရမည် ဖြစ်ပြီး အဆိုပါ အဆောက် အအုံများ မဆောက်လုပ်မီ မီးသတ် ဦးစီး ဌာနမှ ၄င်းစည်းမျဉ်း စည်းကမ်း များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေး သွားမည် ဖြစ်ကြောင်း ၄င်းက ထည့်သွင်း ပြောဆိုသည်။ အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ် ရာတွင် မီးသတ် ဦးစီး ဌာနမှ ချမှတ် ထားသော စည်းမျဉ်း စည်းကမ်း များမှာ အဆောက်အအုံ တစ်ခုတွင် ကွန်ကရစ် လှေကားခွင် အကျယ် အနည်းဆုံး ၇ ပေ ထားရှိရန် လှေကားခွင် တစ်လျှောက် လေဝင် လေထွက် ကောင်းမွန် စေရေး အတွက် လှေကားခန်း အထပ်တိုင်း၏ အဆောက် အအုံ မျက်နှာစာ ဖက် လှေကားခန်း နံရံတွင် (9Sq:ft) ဧရိယာ ရှိသော လေဝင် လေထွက်ပေါက် ထားရှိရန်၊ ပင်မထွက် တံခါးများကို အနည်းဆုံး ၃ ပေခွဲ အကျယ် ၆ ပေခွဲ မြင်ရှိစေရန်နှင့် အရေး ပေါ် အသက်ကယ် လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး အတွက် ခေါင်မိုး ထိပ်၌ ၂ လက်မ သံပိုက် တန်းကို ၄ ပေ အမြင့်တွင် ပတ်လည် တပ်ဆင်၍ ခံနိုင်ရည် ရှိအောင် ပြုလုပ်ထားရှိရန်၊ အရေးပေါ် ထွက်ပေါက်တိုင်းကို အနည်းဆုံး ၂ ပေခွဲ အကျယ်နှင့် ၆ပေခွဲ အမြင့် ရှိအောင် တပ်ဆင်ထား ရှိရန် မီးငြှိမ်းသတ်ရေး အတွက် အနည်းဆုံး ရေဂါလန် (၅၀ဝ၀) ဆံ့ မီးသတ် ရေကန် ထားရှိပြီး အမြဲ တစေ ရေပြည့် နေအောင် သိုလှောင် ထားရှိရန်၊ ၄ လက်မ အရွယ်ရှိသော မီးလှန့် အချက်ပေး ခေါင်းလောင်း တစ်ခု ထားရှိရန်၊ မီးသတ် ဦးစီးဌာနမှ အသိအမှတ် ပြုထားသော မီးသတ် ဆေးဘူးများကို တစ်ခန်း (၁) လုံး နှုန်းထား ရှိရန် စသည့် အကြောင်းရင်းများ အပါအဝင် စည်းကမ်းချက် အချက် ၂၀ ပါရှိကြောင်း အဆိုပါ တာဝန် ရှိသူက ရှင်းပြပါသည်။

ထို့ပြင် မီးသတ် ဦးစီးဌာနသို့ အထပ်မြင့် အဆောက် အအုံ ဆောက်လုပ် သူများမှ မီးဘေး လုံခြုံရေး ဆိုင်ရာ စစ်ဆေး အကြံ ပြုခြင်း ဝန်ဆောင်ခ အဖြစ် နိုင်ငံပိုင် နှင့် တိုင်းရင်းသား ပြည်သူ တည် ဆောက်သည့် ၃ ထပ် နှင့် အထက် အဆောက် အအုံ များအား တစ်စတုရန်း မီတာလျှင် ကျပ် ၅၀ နှုန်း ပေးဆောင် ရမည် ဖြစ်ပြီး နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြား ကုမ္ပဏီ တစ်ခုခုမှ တည်ဆောက်သည့် အဆောက် အအုံ များအား တစ်စတုရန်း မီတာလျှင် အမေရိကန် ၁ ဒေါ်လာ အသီးသီး ပေးဆောင် သွားရမည် ဖြစ်ကြောင်း True News Journal တွင် ဖော်ပြထား သည်။


၁၈ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats