Navigation - link to other main sections from here


အသစ် ပေါ်ပေါက် လာမည့် ပုဂ္ဂလိက ဘဏ်များ တွင် အလုပ် လျှောက်သူ များပြား နေ


မကြာမီ ဖွင့်လှစ် တော့မည့် ပုဂ္ဂလိက ဘဏ်သစ်ကြီး လေးခု ဖြစ်သော Asia Green, မြန်မာ့ ရှေ့ဆောင်၊ အမရာ နှင့် ဧရာဝတီ ဘဏ် များတွင် အလုပ် လျှောက်သူများ လွန်စွာများပြား နေကြောင်း သိရှိ ရပါသည်။ သို့ဖြစ်ရာ ယင်းတို့ အနက် ဘဏ်ကြီး သုံးခုမှ အလုပ် လျှောက်လွှာများ လက်ခံ ခြင်းကို ယာယီ ရပ်ဆိုင်းထား လိုက်သည်ဟု ဆိုသည်။ ဖွင့် လှစ်မည့် ပုဂ္ဂလိက ဘဏ်မှ ဘဏ်အရာရှိ တစ်ဦးက လျှောက်ထား သူများ အလွန် များပြားပြီး တစ်နေ့ကို လူတစ်ရာခန့်ကို လူတွေ့ မေးမြန်း ရသည်ပင် အခက် အခဲ ရှိလာသည့် အတွက် လျှောက်လွှာ လက်ခံ ခြင်းကို ယာယီ ရပ်ဆိုင်း ထားခြင်း ဖြစ်သည် ဟု ဆိုပါသည်။

၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်း သွားခဲ့သော အာရှ ဓနဘဏ် နှင့် မေဖလားဝါးဘဏ် တို့ အပြင် ၂၀၀၅ ခုနှစ်က ရပ်ဆိုင်း ခဲ့သော ယူနီဗာဆယ် ဘဏ် တို့မှ ကျွမ်းကျင် ၀န်ထမ်းဟောင်း များစွာ အရံသင့် ရှိနေပြီး ဘွဲ့ရပြီးစ လူငယ်များက ဘဏ် လုပ်ငန်းကို စိတ်ဝင်စားစွာ လျှောက်ထား ကြခြင်း များလည်း ရှိသည်ဟု သိရသည်။ ယင်း ဘဏ်ကြီး များမှာ လူငယ် လျှောက်ထားသူ အသစ်များ ကိုလည်း လက်ခံပြီး ဘဏ် လုပ်ငန်း များကို သင်ကြား ပေးသွားရန် ရှိသည် ဟုလည်း ဆိုသည်။ ဤအတော အတွင်း အသစ် ဖွင့်လှစ်မည့် ဘဏ်များသို့ လက်ရှိ ဖွင့်လှစ် ထားသော ဘဏ်များမှ ၀န်ထမ်းများ တိုက်ရိုက် ပြောင်းရွှေ့ လုပ်ကိုင်မှု များပြားပါက လက်ရှိ ဘဏ်များ အခက်အခဲ မတွေ့စေရန် လက်ရှိ ပုဂ္ဂလိက ဘဏ် များတွင် အလုပ် လုပ်ဆဲ ရှိသူများအား အလုပ် ခန့်ထားခြင်း မပြုရန် သက်ဆိုင် ရာက အသစ် ဖွင့်မည့် ဘဏ်များအား ညွန်ကြား တားမြစ် ထားသည်ဟု သိရ ပါသည်။


၁၈ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats