Navigation - link to other main sections from here


ငွေ ချေးခြင်း နှင့် ဖုန်း ဌားရမ်းခြင်း စာချုပ် များသည် တရားဥပဒေ နှင့် အကျုံး မဝင်


လက်ရှိ၌ တွင်ကျယ်စွာ အသုံးများလာသော ငွေကြေး ယုံကြည်စွာ အပ်နှံခြင်း ကတိ စာချုပ်နှင့် မြန်မာ့ ဆက်သွယ်ရေးမှ ဌားရမ်း ထားသည့် ဖုန်းများအား တစ်ဆင့် ပြန်လည် ဌားရမ်းခြင်း နှစ်ဦး သဘောတူ စာချုပ် တို့မှာ တရား ဥပဒေ ဘောင်အတွင်း အကျုံး မဝင်ကြောင်း ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောသည်။ ယုံကြည်စွာ အပ်နှံခြင်း ကတိ စာချုပ်ကို ရပ်ကွက်ထဲ နှစ်ဦးသဘောတူ ငွေချေးဌား ရာတွင် လည်းကောင်း၊ ဖုန်းများ တစ်ဆင့် ပြန်လည် ဌားရမ်း ရာတွင် လည်းကောင်း ချုပ်ဆို အသုံးပြု ရာတွင် တစ်ဖက်ဖက်မှ လိုက်နာရန် ပျက်ကွက်ခဲ့ ပါက ယုံကြည် အပ်နှံခြင်းအား ဖောက်ဖျက်မှု ပုဒ်မ ၄၀၆ ဖြင့် တရားစွဲ ဆိုရန် အကျုံး ဝင်မည် မဟုတ်ဟု သိရသည်။ “တကယ်တော့ ငွေတိုးချေး တာကို ငွေတိုးချေး တယ်လို့ မပြောဘဲ ငွေယုံကြည်စွာ အပ်နှံခြင်း ဆိုပြီး စာချုပ် ချုပ်ဆို တာဟာ တရား မဝင်ပါဘူး။ ဒီလို စာချုပ် ချုပ်ထား လို့လည်း မိမိတို့ လိုချင်တဲ့ အတိုးငွေကို မပေးဘူး ဆိုပြီး ရဲတိုင် ဖမ်းချုပ်တာမျိုး လုပ်လို့ မရဘူး။ ဖုန်တစ်ဆင့် ဌားရမ်း တာလည်း အတူတူပဲ။ မြန်မာ့ ဆက်သွယ်ရေးက ဌားရမ်း ထားတာကို တစ်ဆင့် ပြန်လည် ဌားရမ်းတယ် ဆိုကတည်းက တရား မဝင်ပါဘူး။ အဲဒီလို ဌားလို့ နှစ်ဦး နှစ်ဖက် မပြေလည်လို့ တရားရုံး ရောက်တဲ့ အခါ ဖုန်းကို ပြန်အသိမ်း ခံရနိုင် ပါတယ်။ ဒီလို စာချုပ်တွေ ချုပ်တာဟာ ယုံကြည် အပ်နှံခြင်း ဖောက်ဖျက်မှု ပုဒ်မနဲ့ အကျုံး မဝင်ပါဘူး ” ဟု ၄င်းက ပြောသည်။ ယုံကြည်စွာ အပ်နှံခြင်း ဟူသည့် စကားစု ထည့်သွင်းကာ ကတိစာချုပ် ချုပ်ဆို ထားသည့် အတွက် ယုံကြည် အပ်နှံခြင်းအား ဖောက်ဖျက်မှု ပုဒ်မ ၄၀၆ ဖြင့် အကျုံးဝင်မည် မဟုတ်သော်လည်း မိမိ ဆုံးရှုံး နစ်နာ သည်များ ရှိပါက ငွေချေးသူ အနေဖြင့် မိမိ အရင်းကို ငွေကို ပြန်လည် ရရှိရန် တရားရုံးတွင် ဦးတိုက် လျှောက်ထား နိုင်ကြောင်း ပေါ်ပြုလာ ဂျာနယ်တွင် ဖော်ပြထား ပါသည်။


၂၄ . ၆ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats