Navigation - link to other main sections from here


အက်ဖ်အီးစီ တန်ဖိုး ကျဆင်း နေဆဲ


အက်ဖ်အီးစီကို နိုင်ငံခြားငွေ (ကန်ဒေါ်လာ) များ ကဲ့သို့ သုံးစွဲခွင့် ပြုထား သော်လည်း ပြင်ပငွေ လဲလှယ်ရေး ဈေးကွက်တွင် အက်ဖ်အီးစီ တန်ဖိုးမှာ အနည်းငယ်သာ တက်လာကြောင်း ငွေကြေး ဈေးကွက် ကျွမ်းကျင်သူ များက ပြောသည်။ ဇွန် ၁၀ ရက်က အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၉၄၀ ကျပ် ရှိရာမှ ဇွန် ၁၉ ရက်တွင် တစ်ယူနစ်လျှင် ၁၀ သာ တက်လာပြီး ၉၅၀ ကျပ် ဈေးပေါက်သည်။ အမေရိကန် ဒေါ်လာမှာ ဇွန် ၁၉ ရက်က တစ်ယူနစ်လျှင် ၉၈၃ ကျပ် ဈေးရှိ၍ အက်ဖ်အီးစီ ထက် ၃၀ ကျပ်ကျော် ဈေးမြင့် နေသည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်း မှ မေလ အထိ အမေရိကန် ဒေါ်လာမှာ အက်ဖ်အီးစီ တန်ဖိုးအောက် လျော့နည်း နေရာမှ မေလကုန် နောက်ပိုင်းမှ စတင်၍ အက်ဖ်အီးစီ တန်ဖိုးထက် ဒေါ်လာ တန်ဖိုးက ပိုမို မြင့်မား လာခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က အက်ဖ်အီးစီ ကို ၂၀၁၀ ဧပြီလ ၂ ရက်မှ စတင်၍ နိုင်ငံခြား ငွေများ ကဲ့သို့ သုံးစွဲခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ အက်ဖ်အီးစီမှာ အသုံးဝင်မှု ပိုလာ သော်လည်း တန်ဖိုး သိသာစွာ တက် မလာခြင်းမှာ ယခင်ကဲ့သို့ အက်ဖ်အီးစီဖြင့် စက်သုံးဆီ ဝယ်ယူမှုမှာ ယခု နောက်ပိုင်းတွင် လျော့နည်း လာ၍ ဖြစ်ကြောင်း ဈေးကွက် ကျွမ်းကျင်သူ များက ပြောသည်။ ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များမှာ ဇွန်လ ၁၀ ရက်မှ စတင်၍ ဖွင့်လှစ် ရောင်းချ လာသည့် အတွက် အက်ဖ်အီး စီဖြင့် ရောင်းချသည့် ဆိုင်များတွင် ဝယ်ယူမှု လျော့နည်းသွား ခြင်းကြောင့်၊ အက်ဖ်အီးစီ အသုံးပြုမှု လျော့နည်း သွားခြင်း နှင့် အတူ တန်ဖိုးပါ ကျဆင်းလာခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။


၂၄ . ၆ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats