Navigation - link to other main sections from here


ပုဂ္ဂလိက အဆောက် အအုံတွေ မပြောင်းရွှေ့ ရမယ့် ရန်ကုန် ကမ်းနားလမ်းသစ်


တန် ၁၀ဝ ခန့် အလေးချိန်ရှိ ကုန်တင်ယာဉ် ကြီးများ ဖြတ်သန်း သွားလာ နိုင်မည့် ကမ်းနား လမ်းသစ်ကို ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကမ်း မြို့နယ်၊ ဗိုလ်တထောင် မြို့နယ် များသို့ ဖြတ်သန်း ၍ လမ်း အကျယ် ၄၈ ပေ၊ ပလက်ဖောင်း အကျယ် ခြောက်ပေ နှင့် လမ်းလယ် ကျွန်းတို့ဖြင့် တိုးချဲ့လျက် ရှိသည်။ အဆိုပါ လမ်းမှာ အလုံ သစ်တော လမ်းမှ ဗိုလ်တထောင် မြို့နယ် ကြာဖြူလမ်း အထိ ဖြစ်သည်။ ကမ်းနား လမ်းသစ်တွင် ချောင်း လေးခုကို တံတား ဖောက်လုပ်မည် ဖြစ်၍ ကြည့်မြင်တိုင် ၌ တစ်စင်း၊ အလုံ၌ တံတား သုံးစင်း ရှိမည်။ ရန်ကုန် မြစ်ဘက် ခြမ်းတွင် မီးရထားလမ်း တစ်ခု ပါရှိမည်။ လမ်း ဧရိယာ နှင့် မလွတ်သည့် ဌာနဆိုင်ရာ အဆောက် အအုံ ၁၈၂ ခုကို ပြောင်းပေး ခဲ့ရပြီး ပုဂ္ဂလိကပိုင် အဆောက် အအုံ များအား ပြောင်းရွှေ့ ရခြင်း မရှိဟု ဆိုသည်။


၂၅ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats