Navigation - link to other main sections from here


အသုံး မလိုသော ကွန်ပျူတာများ လှူဒါန်း နိုင်ရန် Myanmar ING မှ စီစဉ်


ပျက်စီး နေသော ကွန်ပျူတာများ၊ အသုံး မလိုသည့် ရုံးလုပ်ငန်းသုံး ကွန်ပျူတာ များ၊ အိမ်သုံး ကွန်ပျူတာ များကို ပြန်လည် ပြုပြင် တပ်ဆင်၍ ဆင်ခြေဖုန်း ရပ်ကွက်ရှိ အလယ်တန်း စာသင် ကျောင်းများသို့ သွားရောက် လှူဒါန်း နိုင်ရန် Myanmar ING Group မှ အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။ “အစီအစဉ် ကတော့ အခုမှ သုံးပတ်ပဲ ရှိပါ သေးတယ်။ မသုံးဘဲ ဖယ်ထားတဲ့ ကွန်ပျူတာတွေ၊ ပျက်နေတဲ့ ကွန်ပျူတာ တွေကို နှစ်လုံး တစ်လုံး ပေါင်းပြီး အကောင်း ပကတိ ဖြစ်အောင် ပြင်ဆင်ပြီးမှ လှူမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အနေနဲ့ ရန်ကုန် မှာပဲ လှူဖြစ် မှာပါ။ ကွန်ပျူတာ တစ်စုံ ပြည့်တိုင်း ပြည့်တိုင်း သွားလှူ မှာပါ။ အလှူခံ လိုတဲ့ စာသင်ကျောင်းတွေ အနေ နဲ့လည်း ကျွန်တော်တို့ အဖွဲ့ကို ဆက်သွယ် နိုင်ပါတယ်။ နယ်ဘက်က ဆက်သွယ်ရ င်လည်း ကျွန်တော်တို့ အနေနဲ့ မှတ်သားထား မှာပါ။ နယ်ဘက် တွေလည်း လှူဖို့ အစီ အစဉ် ရှိပါတယ်” ဟု Myanmar ING Group မှ ကိုရဲမင်းသွင်က ပြောသည်။ လှူဒါန်းလို သူများ အနေဖြင့် ၎င်းတို့ထံသို့ ဆက်သွယ်နိုင် သလို၊ လိုအပ်သော စာသင်ကျောင်းများ အနေ ဖြင့်လည်း ၎င်းတို့နှင့် ဆက်သွယ် နိုင်ကြောင်း သိရသည်။ Myanmar ING Group သည် ၂၀၀၈ ခုနှစ်မှ စတင် ဖွဲ့စည်း ခဲ့သော နည်းပညာနှင့် ပတ်သက်သည့် ဆွေးနွေး ပွဲများ စာတမ်း ဖတ်ပွဲများ၊ လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသော အဖွဲ့ဖြစ်ကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည် Myanmar ING Group အကြောင်း အသေးစိတ် အချက် အလက် များကို သိရှိလိုပါကလည်း http://www.myanmaring.asia တွင် ၀င်ရောက် ကြည့်ရှုနိုင် ပါသည်။


၂၀ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats