Navigation - link to other main sections from here


နယ် ကွန်ပျူတာ အသင်းများ၌ အင်တာနက်ဆိုင် လိုင်စင် လျှောက်နိုင် PAC


မြန်မာ အင်ဖိုတက်တွင်သာ လက်ခံ ဆောင်ရွက်ပေး ခဲ့သော အင်တာနက်ဆိုင် (Public Access Centre - PAC) လိုင်စင် ထုတ်ပေးခြင်း များကို ယခုအခါ နယ်မြို့ကြီး များရှိ ကွန်ပျူတာ ဆိုင်ရာ အသင်းများ တွင် လက်ခံ ဆောင်ရွက် ပေးလျက် ရှိကြောင်း ထိုကုမ္ပဏီ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိန်ဝင်းက ပြောကြားသည်။ တိုင်း နှင့် ပြည်နယ် ခြောက်ခု တွင် အသင်းခွဲများ ဖွဲ့စည်း ထားရှိသည့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း၏ ပုသိမ် နှင့် မော်လမြိုင် မြို့များ တွင် ဖွဲ့စည်း ထားသော အသင်းခွဲ များ၌ အင်တာနက်ဆိုင် လိုင်စင်ကို လျှောက်ထား ရယူနိုင်ပြီ ဖြစ်သည်။ “ မန္တလေးမြို့ အပြင် ပုသိမ်နဲ့ မော်လမြိုင် အသင်း တွေမှာ အင်တာနက်ဆိုင် လိုင်စင် ရယူနိုင်အောင် သင်္ကြန် မတိုင်ခင်က ဆောင်ရွက်ခဲ့ ပါတယ်။ ကျန်ရှိတဲ့မြို့တွေမှာလည်း ဆောင်ရွက် သွားဖို့ ရှိပါတယ်” ဟု ဦးစိန်ဝင်းက ပြောသည်။ အင်တာနက်ဆိုင် လိုင်စင်ကို ထိုကဲ့သို့ နယ်မြို့ များတွင် လျှောက်ထား ရယူ နိုင်သော်လည်း ပေးသွင်း ရမည့် လိုင်စင်ကြေး နှင့် လစဉ်ကြေးမှာမူ ကွာခြားမှု မရှိကြောင်း ဆိုသည်။ အင်တာနက်ဆိုင်များ အတွက် မြန်မာ အင်ဖိုတက်က ကောက်ခံသည့် လိုင်စင်ကြေးမှာ ကျပ်နှစ်သိန်း ဖြစ်ပြီး လစဉ်ကြေးမှာ ကျပ် သုံးသောင်း ဖြစ်သည်။ ဇွန်လတွင် ထုတ်ပြန် ခဲ့သည့် မြန်မာ အင်ဖိုတက်၏ တရားဝင် စာရင်းအရ နယ်မြို့များရှိ အင်တာနက်ဆိုင် အရေ အတွက်မှာ မန္တလေးတွင် ၁၉ ဆိုင်၊ တောင်ကြီးတွင် ၃၈ ဆိုင်၊ ပုသိမ်တွင် ကိုးဆိုင် နှင့် မော်လမြိုင်တွင် သုံးဆိုင် ဖြစ်ကြောင်း အင်တာနက် ဂျာနယ်တွင် ဖော်ပြ ထားသည်။


၂၁ . ၆ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats